ယနေ့ နောက်ဆုံးရ သံဃာ အဖမ်းအဆီး သတင်းများ

ရေနံချောင်းမြို့၊ မြို့မတောင် ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။

ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမလည်း ကြာသပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိ တက္ကသိုလ် ကျောင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ ရှိသောကျောင်း ဖြစ်သည်။

ပခုက္ကူမြို့ သာသနာ့ ၀ိပုလာ ရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်း ခံလိုက် ရသည် ဟု ကြားသိရသည်။

နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယ အကြိမ် သပိတ်အား အကြီးအကျယ်ကြောက်လန့်နေသည့်အတွက် သံဃာတော် များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော် များက လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော် ထားသောကြောင့် ရေနစ် သေခါနီးသော သူကဲ့သို့ နောက်ဆုံး အချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊ အာဏာ တည်မြဲရေး အတွက် အနန္တ ဂိုဏ်းဝင် သံဃာတော် များအား အမျိုးမျိုးဒုက္ခပေး ဖမ်းဆီး အရေးယူနေသည်။

ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့ အဖွဲ့အစည်းသည် လက်ရှိ အခြေအနေတွင် နအဖ စစ်အာဏာရှင် အား ခြိမ်းခြောက် နိုင်သည့် တစ်ခုတည်းသော ခိုင်မာ ကျစ်လစ်သည့် အဖွဲ့အစည်း ဖြစ်သည်။

သံဃာတော် များအား ၀ါမကျွတ်မီ အခုလို ဖမ်းဆီးနေသည့် အတွက် အကျဉ်းထောင်များတွင် ၀ါကျွတ် ရရှာတော့မည်။ သံဃာတော် များအား အခုလို ဖမ်းဆီး နေခြင်းသည် မြတ်စွာ ဘုရား၏ ၀ါတွင်း ခရီး မထွက်ရ ဟူသော ၀ိနည်း ဥပဒေ ကိုလည်း နအဖစစ် အာဏာရှင်က ချိုးဖောက်ပြီး သာသနာတော်ကို ရက်ရက်စက်စက် စော်ကား လိုက်ချေပြီ - ဟု ပြည်တွင်းရှိ သံဃာတော် တစ်ပါးမှ ၀မ်းနည်း ကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။

ဆက်လက်ပြီး သံဃာတော်များနှင့် ပတ်သက်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် တင်ပြပါမည်။

အပြည့်အစုံ သတင်းဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form