မျိုးဆက်သစ်လူငယ်များအစည်းအရုံး မှ လှုပ်ရှားမှု

ကျနော်တို့ Generation Wave

(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီး ထောင်ချရန် ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး ယနေ့သြဂုတ်လ၈ရက်နေ့ ၂၀၀၉တွင် ပြည်၊ နတ္တလင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ အောင်လံနယ်မြို့ နယ် အသီးသီးတို့၏ အခြေခံပညာ အထက်တန်းကျောင်း နှင့် လူစည်ကားရာ ဈေးများ စသည့် နေရာတို့တွင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနှင့် FREE DAW AUNG SAN SUU KYI နှင့် FREE BURMA စာတန်းပါ စာရွက် စာတမ်း တို့ကို ဖြန့်ကျဲခဲ့ခြင်း ဖြစ်ပါသည်။


ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတူပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့် လှုပ်ရှားမှု များတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။
"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"
On Aug 8.2009 Generation Wave did pamphlet action today, Action happened at

key crowded places in Bago Division(Pyay ,Paungdale, Pukkaung) , Magwe

Divison (Aunlan) in Burma.

We also want to encourage people and especially youth of Burma

to do all they can to take actions for the release of Daw Aung San Suu Kyi.

“FREE OUR NATIONAL LEADER DAW AUNG SAN SUU KYI NOW!”

Best Regards,

www.generation-wave.blogspot.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form