ဒေါ်အောင်ဆန်းစုကြည် ကို အကြောင်းပြု၍ ဆူပူ ဆန္ဒပြမှုများ မလုပ်ရန် စစ်အစိုးရ သတိပေး

ယူကွန် | ဇူလိုင်လ ၃၁ ရက် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးမှ စီရင်ချက် ချမှတ်မည့် တစ် ရက် အလို ကြာသပတေး နေ့ထုတ် မြန်မာ သတင်းစာများတွင် ဆူပူလှုပ်ရှား မှု များ မပြုလုပ်ကြရန် ပြင်းထန် စွာသတိ ပေးထားသည်။

ယနေ့ထုတ် မြန်မာ့ အလင်းသတင်းစာ တွင် “ လမ်းပေါ်တွင် ဆူပူ ဆန္ဒပြမှုများမှ တစ်ဆင့် နိုင်ငံရေး အာဏာ ရရှိရန် လုပ်ဆောင် သူများကို ဒီမိုကရေစီ လိုလားသူများ ဟု မခေါ်ဆို နိုင်ကြောင်း နှင့် ၎င်းတို့ ၏ လုပ်ဆောင်မှု များသည်လည်း ဒီမိုကရေစီ ကို သွေဖည်သော မင်းမဲ့စရိုက် ဆန်သည့် လုပ်ဆောင်မှုမျိုးသာ ဖြစ်သည် ဟု ထည့်သွင်း ဖေါ်ပြထားသည်။

ဒေါ်စုအား စီရင်ချက်ချမှတ်ရန် တစ်ရက် အလိုတွင် ရန်ကုန်မြို့အနှံ့ စစ်တပ် နှင့် ရဲ အပါအ၀င် ကြံ့ဖွတ်၊ စွမ်းအားရှင် အစရှိသည့် လုံခြုံရေး အင်အားကိုလည်း တိုးမြှင့် ချထားသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့၊ ရွှေဂုံတိုင် ၊ မြေနီကုန်း နှင့် သမိုင်း လမ်းဆုံ စသည့်နေရာ များတွင် အနည်းဆုံး စစ်ကား နှင့် ရဲကား ၅ စီးခန့် ကို အများ မြင်သာသော နေရာများတွင် အဆင်သင့် စောင့်ခိုင်းထားသည် ကို တွေ့ရသည် ဟု ရန်ကုန် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်မည့် အမိန့် ကို ခန့်မှန်း ပြောဆို ခြင်းသည် တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည် ဟုဆိုသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form