စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံတွင် အသက်၆၀ ကျော်အရွယ်လည်း ခါးပိုက်နှိုက်ဖြစ်

ညွန့်သက်ထားဦး | အသက် ၆၃ နှစ်အရွယ်ရှိ ဦးအုန်းကြိုင် သည် မြောက်ဥက္ကလာမှ လှိုင်သာယာ ပြေးဆွဲနေသည့် အမှတ် ၁၂၁ လိုင်း ရှိဒိုင်နာ ယာဉ်ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က အမျိုးသား တစ်ဦးအား ခါးပိုက်နှိုက်မှုကြောင့် မရမ်းကုန်း ရဲစခန်းတွင် ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။

မြောက်ဥက္ကလာ မှ စီးနင်းလိုက်ပါလာသူ ဦးအုန်းကြိုင်သည် လမ်းဝ မှတ်တိုင် အရောက်တွင် ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးအား ခါးပိုက် နှိုက်သည်ကို တွေ့ရှိသောကြောင့် မရမ်းကုန်း စခန်းတွင် ရှာဖွေ စစ်ဆေးရာ ဦးအေး ဆိုသူထံမှ ခါးပိုက်နှိုက် ထားသော ငွေ ငါးထောင်ကျပ် ကိုသိမ်းဆည်း ရမိသဖြင့် အမှုဖွင့် အရေးယူ ထားသည် ဟု သိရသည်။

ယခုနှစ် မိုးတွင်းကာလ အစ ပိုင်းမှ စ၍ ရန်ကုန်မြို့ရှိ ခရီးသည်တင် ကားများပေါ်တွင် ခါးပိုက်နှိုက်များ နှင့် အလစ်သုတ်သူ၊ ပြေးသူများ ပေါများ လာကြောင်း ၄၃ လိုင်းကား နောက်လိုက် တစ်ဦးက Freedom News Group သို့ ပြောသည်။

နေ့စဉ် ခရီးသည်တင် ကားဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမှ မြို့ထဲသို့ အလုပ်ဆင်းရသည့် ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီး တစ်ဦး ကလည်း “ဘတ်(စ)ကား ပေါ်မှာ ခါးပိုက် နှိုက်တွေ ပေါလာတာတော့ အမှန်ပဲ လွန်ခဲ့တဲ့ ဆယ်ရက် လောက်က လမ်းကျယ်(ပလာဇာ) မှတ်တိုင်မှာ ဖြစ်တဲ့ ခါးပိုက်နှိုက်မှု ဆိုရင် ဆယ်နှစ်ကျော် လောက်ပဲရှိသေးတဲ့ ခလေး နှစ်ယောက် အခု မီးတွေ ကလည်း မလာတော့ မိုးရွာပြီး မီးပျက်တဲ့ အချိန်ဆိုရင် တောင် ဒဂုံမှာ အိမ်ပေါ်တက်ပြီးတောင် လုယက်မှုတွေ ရှိတယ်”ဟု ပြောသည်။

စစ်အစိုးရ လက်ထက် စားဝတ်နေရေး အကျပ်အတည်း ဒဏ်ခံကြ ရသည့် ပြည်သူများမှာ နေ့စဉ် ထမင်းတစ်နပ် အတွက် အဆင်မပြေမှုများ ဖြစ်လာပါက ရာဇ၀တ်မှုနှင့် နှီးနွယ်သည့် အမှုများထိ ကျူးလွန် လာသည် ဟု သိရသည်။

၁၂၁ ခရီးသည်တင် ကားပေါ်တွင် ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီး ခံထားရသည့် ဦးအုန်းကြိုင်မှာ ယခင်က ပြစ်မှုဟောင်းမရှိ ဟု သိရသည်။ ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီးခံ ထားရသည့် ဦးအုန်းကြိုင်သည် ထိုအမှုဖြင့် ဖမ်းဆီး ခံရသူများ တွင် အသက် အကြီးဆုံး ဖြစ်သည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form