"အမျိုးသား ခေါင်ဆောင် ဒေါ်အောင်စုကြည်အား ခုချက်ချင်းလွတ်"

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)အဖွဲ့ဝင် လူငယ်များသည် နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား မတရား ဖမ်းဆီး ထောင်ချရန် ကြိုးစား နေခြင်းကို ဆက်လက် ဆန့်ကျင်လျက် ရှိနေပြီး ယနေ့ ဂျူလိုင် ၂၇ ရက်နေ့ ၂၀၀၉ တွင် လမ်းမတော် မြို့နယ် သံဈေး ညောင်ပင်လေးဈေး မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေးနှင့် ယုဇန ပလာဇာ စသည့် လူစည်ကားရာ နေရာ တို့တွင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနှင့် FREE DAW AUNG SAN SUU KYI နှင့် FREE BURMA စာတန်းပါ စာရွက် စာတမ်း တို့ကို ဖြန့်ကျဲခဲ့ခြင်း ဖြစ်ပါသည်။

ပြည်သူ လူထု တရပ်လုံးနှင့် လူငယ်များ အနေဖြင့်လည်း နအဖ အစိုးရ၏ မတရား ဖိနှိပ်မှုများကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတူ ပူးပေါင်း ဆန့်ကျင်၍ အရှိန်မြှင့် လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်လိုက် ပါသည်။
"အမျိုးသား ခေါင်ဆောင် ဒေါ်အောင်စုကြည်အား ခုချက်ချင်းလွတ်"

On July 27, 2009 Generation Wave did pamphlet action today, Action happened at key crowded places in Yangon, Burma: Lamadaw Township, Nyung Pin Lay Zay Plaza, Tan Zay Plaza and Mingalar Taung Nyunt Township, Mingalar Zay Bazaar, Yuzana Plaza. We also want to encourage people and especially youth of Burma to do all they can to take actions for the release of Daw Aung San Suu Kyi.
“FREE OUR NATIONAL LEADER DAW AUNG SAN SUU KYI NOW!”
Best Regards,

Generation Wave

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form