(၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစှအဖွဲ့ ချူပ်မှ ကျင်းပ။





အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ကျင်းပသော ( ၆၂ ) မြောက် အာဇာနည်နေ့ အခမ်းအနား ကို ယနေ့ ကျင်းပရာ နံနက် ၅း ၃၀ တွင် သံဃာတော်များအား ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အန်ကယ် ဦးလှဖေ မှ ဦးဆောင်၍ အာရုံ ဆွမ်းကပ်လှူ ခဲ့သည် ။

နံနက် ၁၀း ၀၀ ခန့် အချိန်တွင် နော်အုန်းလှ ဦးဆောင်သော အမျိုးသမီး အင်အား ၁၅ ဦးခန့်သည် ဗိုလ်ချုပ် အောင်ဆန်းပုံ များကို ကိုင်ဆောင်၍ စီတန်းကာ ဆန္ဒပြ ခဲ့ကြသည်။

ဆက်လက် ၍ အာဇာနည်နေ့  အခမ်းအနားကိုကျင်းပရာ နံက် ၁၀း ၃၇ အချိန် တွင် တစ်မိနစ် ဥသြဆွဲကာ အဖွဲ့ချုပ် အဖွဲ့ဝင်များ အားလုံး အာဇာနည် ဗိမာန် ဘက်သို့ မျက်နှာမူကာ အလေး ပြုကြသည်။ အလေးပြု ပြီးနောက် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ဆုတောင်း အမျှဝေခြင်းကို တပြိုင်ထဲ ဆက်လက် ပြုလုပ် ခဲ့ကြသည် ။

ထိုနောက် ၁၁း၀၀ နာရီ ၀န်းကျင်တွင် အဖွဲ့ ချုပ် လူငယ်အင်အား ၅၀ ကျော် တို့  သည် အာဇာနည်ကုန်းဖက်သို့  အလေးပြုရန်အတွက် ချီတက် သွားကြရာ အခမ်းအနား ကျင်းပခြင်းကို စောင့်ကြည့် နေကြသော အာဏာပိုင် များသည် ထိုအဖွဲ့ဝင်များ နောက်သို့ လိုက်လံ သွားကြပြီး အာဏာပိုင်တို့ ဖက်မှာ ခေါ်ယူ သတိပေးခဲ့သည် ။ အဖွဲ့ဝင် လူငယ်များမှာ အာဏာနည် ဗိမာန်အား အလေးပြုရန် သက်သက်သာ ဖြစ်ကြောင်း ၊ သို့ပါသောကြောင့် အလေးပြုခွင့် တောင်းဆိုခဲ့ရာ အလေးပြုခွင့် ရရှိခဲ့သည် ။

အဖွဲ့ ဝင်လူငယ်များသည် အာဇာနည် ဗိမာန်တွင် အလေးပြု ခဲ့ကြပြီး အဖွဲ့ ချုပ်ရုံးသို့  နေ့လည် ၁၂း၀၀ အချိန်တွင် ပြန်လည် ရောက်ရှိ ခဲ့ကြပြီး ၊ အဖွဲ့ချုပ် ရုံးတွင် ကျင်းပနေသော အာဇာနည် အခမ်းအနားတွင် ပြည်လည် တက်ရောက်နိုင်ခဲ့ကြသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form