ယီမင်နိုင်ငံမှ ကြောက်မက်ဖွယ်ရာ သေဒဏ်စီရင်မှု

Planet ယီမင်နိုင်ငံတွင် ဇူလိုင်(၆)ရက်နေ့က ပြုလုပ်ခဲ့သည့် သေဒဏ်ပေးမှုဖြစ်ရပ်မှာ သာမန်ထက် ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်ဟု သတ်မှတ်နိုင်ဖွယ်ရှိသည်။ အသက်(၁၁)နှစ်အရွယ် ယောက်ျားလေးတစ်ဦးအား အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးအား ယီမင်ရဲများက လူထုရှေ့တွင် နောက်စေ့ကို သေနတ်နှင့် တေ့ပစ်ပြီး သေဒဏ်ပေးခဲ့သည်။ ဆံသဆရာ ပီဟရာ ဟူစိန် အယ်လ်ရာဝါသည် ဟမ်ဒီအယ်လ်ကာဘက်စ် အမည်ရှိ လူငယ်လေး တစ်ဦးအား ၎င်း၏ဆိုင်အတွင်းတွင် ဆံပင်ညှပ်နေစဉ် ပြီးခဲ့သည့် ဒီဇင်ဘာလ မွတ်ဆလင်ရိုးရာ အစ်ပွဲတော်တွင် မတရားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။


(သေဒဏ်အပြစ်ပေးခံရသည့် ဟူစိန်)

ယီမင်နိုင်ငံတွင် ဇူလိုင်(၆)ရက်နေ့က ပြုလုပ်ခဲ့သည့် သေဒဏ်ပေးမှုဖြစ်ရပ်မှာ သာမန်ထက် ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်ဟု သတ်မှတ်နိုင်ဖွယ်ရှိသည်။ အသက်(၁၁)နှစ်အရွယ် ယောက်ျားလေးတစ်ဦးအား အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးအား ယီမင်ရဲများက လူထုရှေ့တွင် နောက်စေ့ကို သေနတ်နှင့် တေ့ပစ်ပြီး သေဒဏ်ပေးခဲ့သည်။ ဆံသဆရာ ပီဟရာ ဟူစိန် အယ်လ်ရာဝါသည် ဟမ်ဒီအယ်လ်ကာဘက်စ် အမည်ရှိ လူငယ်လေး တစ်ဦးအား ၎င်း၏ဆိုင်အတွင်းတွင် ဆံပင်ညှပ်နေစဉ် ပြီးခဲ့သည့် ဒီဇင်ဘာလ မွတ်ဆလင်ရိုးရာ အစ်ပွဲတော်တွင် မတရားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
(ဟူစိန်အား သေဒဏ်စီရင်လိုက်စဉ်)

အယ်လ်ရာဝါသည် မသေဆုံးခင် နောက်ဆုံးအနေနှင့် ၀တ်ပြုဆုတောင်းရန် ရဲများက ခွင့်ပြုခဲ့သည်။ အယ်လ်ရာဝါအား ရဲအရာရှိတစ်ဦးက မောင်းပြန်ရိုင်ဖယ်လ်နှင့် ပစ်ခတ်မှုအား ကလေးများ အပါအ၀င် လာရောက်ကြည့်ရှုသည့် ပရိသတ်များက မိုဘိုင်းလ်ဖုန်းများနှင့် မှတ်တမ်းတင်ခဲ့ကြသည်။ ယီမင်သည် ကမ္ဘာပေါ်တွင် ယခုတိုင် သေဒဏ်စနစ်ကို ကျင့်သုံးနေသည့် နိုင်ငံ(၅၉)ခုတွင် ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်သည်။ မွတ်ဆလင်ဘာသာ အဓိကလွှမ်းမိုးထားသောသော ယီမင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form