ဒေါ်စု လွတ်မြောက်ရေး အတွက် ပြည်သူများက အစုအဖွဲ့ငယ်များ အလိုက် လှုပ်ရှားလာ


ဒေါ်စု၊ဘောဘ် မာလေ နှင့် မာတင် လူသာကင်း တို့ကို နယူးယောက် Street Artists တစ်ဦး ကဤသို့ ဂုဏ်ပြုရေးဆွဲထား
“မနက်မိုးလင်းတော့ အိမ်ရှေ့က ရုံးတံခါးမှာ Free Aung San Suu Kyi ဆိုတဲ့ အင်္ဂလိပ်စာလုံးကို မှုတ်ဆေး အ၀ါ တွေ နဲ့ သုတ်သွားတာ တွေ့တယ် ဟုပြောသူမှာ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှ အိမ်ရှင်မ တစ်ယောက် ဖြစ်သည် ။သူမက ဆက်ပြီး ခဏနေ တော့ အဲဒီစာသားကို ရဲ နဲ့ ထောက်လှမ်းရေးက ဓာတ်ပုံရိုက်ပြီးလာဖျက်သွား တယ် ။အစိုးရရုံးက အရာရှိနော် သူ့ကိုလည်း ရုံးတံခါးမှာ ဒီဆေးမှုတ်သွား လားဆိုတာ မသိရကောင်းမှန်း ဆိုပြီး ထောက်လှမ်းရေးက ကော သွားတယ် ။ညဦးပိုင်းက မရှိသေးဘူး ညနက် မှ လုပ်သွားကြတာ ထင်တယ် ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရန်ကုန် မြို့တွင် လူငယ်များ လှုပ်ရှားပုံ နှင့် ပတ်သက်၍ သူက Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ပြည်သူများ စစ်အစိုးရ၏ ဖိနှိပ်မှုများမှာ တင်းကျပ် လွန်းလှ သဖြင့် လမ်းပေါ်ထွက်၍ ဆန္ဒမပြ နိုင်သေးသော်လည်း မိမိတို့ တတ်နိုင်ရာ တစ်နိုင် တစ်ပိုင်ကို အစုအဖွဲ့ငယ် များဖြင့် ဆောင်ရွက် နေကြသည်။
ပုဇွန်တောင် ဈေးအနီးတွင် မူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ပတ်သက်၍ လှုပ်ရှားမှု တစ်ခုကမူ နအဖ သတင်းစာများကို ပလစ်စတစ် အိတ်များတွင် ထည့်၍ အီးကုန်း စက္ကူ လိုသလောက် ရမည် ဟု ရေးထားခြင်းပင် ဖြစ်သည်။
ထိုသို့ အာဏာဖီဆန်သည့် လုပ်ဆောင်ချက်များတွေ့ရှိလျှင် ရဲက ရပ်ကွက် အတွင်းရှိ ရဲ နှင့် ကြံ့ဖွတ်များကို ချက်ခြင်း အကြောင်းကြား ရမည် ဟု မှာကြား ထားသော်လည်း ၂၅ နှင့် အနော်ရထာ လမ်းထောင့်ရှိ ရ၀တ ရုံးတွင် စတစ်ကာ ဖြင့် ကပ်ထားသော ဒေါ်စု ပုံကို ရ၀တ ဥက္ကဌက ချဲလောင်းကြေးငွေများ လိုက်လံသိမ်းဆည်း ရသဖြင့် ခရီးသွားတို့ ဝိုင်းအုံ ကြည့်ရှုကာမှ သိ၍ ဖြုတ်လိုက်ရသည်ဟုဆိုသည်။

ကုန်းဈေးတန်းလမ်း အတွင်းရှိ ပန်းဘဲတမ်းမြို့ နယ်ရဲစခန်းမှ ရဲသားတစ်ဦးက မူ “တစ်ယောက်ခြင်း ဒါမှမဟုတ် အဖွဲ့ နဲ့လုပ်ကြတာ ထင်တယ် ကျွန်တော် ကတော့ ချဲမပေါက်လို့ ဒီနေ့ ညစ်နေတာ စခန်းထဲမှာတော့ ဒေါ်စု ပိုစတာ ငါးခု လောက်တွေ့လို့ သိမ်းထား တာရှိတယ်”ဟု ပြောသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form