ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ မတရား ထိန်းသိမ်း ထားခြင်း အပေါ် ကန့်ကွက်သည့် အနေဖြင့် နအဖ လက်ပါးစေ ကြံ့ဖွံ့အလံအား မီးရှို့ခြင်း။

ဇွန်လ (၁၈) ရက်နေ့  ည (ရ) နာရီခွဲအချိန့် ခန့် က ရန်ကုန်မြို့ မှာ နအဖကနေ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် တရားစွဲဆိုမှု၊ နေအိမ် အကျယ်ချူပ် ရက်ပြည့်လို့ လွတ်လပ်စွာ နေထိုင်ခွင့် ပြန်ပေးရမယ့်အစား အင်းစိန်ထောင် အတွင်းမှာ ယခုထက်တိုင် ဆက်လက် ထိန်းသိမ်းထားတဲ့ နအဖတွေရဲ့ မတရား လုပ်ရပ် အပေါ် ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့  လူငယ်စု တစ်စုကနေ လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ ရန်ကုန်မြို့ ၊ တာမွေနဲ့ ကျိုက္ကဆံလမ်းစုံ မီးပွိုင့် အနီးမှာရှိတဲ့ မော်တော် ပီကယ်ရုံမှာ ကြံ့ဖွံ့အလံကို တိုင်ထောင်ပြီး ခြသေံင့်္ ရုပ်ပေါ်မှာ ခွေးပုံထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့တဲ့ ဆန္ဒပြ အကောင်အထည် ဖေါ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မတရားမှုမှန်သမျှကို ထိပ်ဆုံးက နအဖ ဗိုလ်ချူပ်ကြီးများကအစ သူတို့ ရဲ့ လက်ပါးစေ လက်ကိုင်တုတ် ကြေးစားတွေ ဖြစ်ကြတဲ့ ရဲတွေ စွမ်းအားရှင်လူမိုက်တွေ ကြံ့ ဖွတ်တွေ အထိကို ပြည်သူတွေက မနှစ်မြို့ ကြဖူး၊ မကျေနပ်ကြဖူး၊ မတွေ့ မမြင်လိုကြဖူး ဆိုတာကို သိသာ ပေါ်လွင်စေဖို့ နဲ့  ပြည်သူကနေ မကြာခင် တစ်နေ့ မှာ လက်တုန့် ပြန်ဆောင်ရွက် ကြမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ရော ယခုလို လှုပ်ရှား ဆောင်ရွက်ပြတာ ဖြစ်တယ်လို့  သိရှိရပါတယ်။


မီးပွိုင့်အနီးမှာရှိတဲ့ မော်တော် ပီကယ်ရုံမှာ ကြံ့  ဖွံအလံကို တိုင်ထောင်ပြီး ခြသေံင့်္ ရုပ်ပေါ်မှာ ခွေးပုံ ထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲ့တဲ့နေရာမှာ ကြံ့ ဖွတ်အလံကို မီးရှို့ တယ်ဆိုတာ သိသာစေဖို့  အလံကို မီးအကုန် လောင်ကျွမ်းတဲ့ အထိ မရှို့ ခဲ့ဘဲ တစ်ဝက်တစ်ပျက် ချန်ထားပေးခဲ့တယ်လို့  သိရှိရပါတယ်။

ထို့ အတူ ဒီလို လုပ်ရပ်ဟာ အာဏာရှင်တွေနဲ့  လက်ပါးစေတွေကို အဓိက ပြစ်မှတ်ထားတဲ့ လှုပ်ရှားမှုထဲက တစ်ခုဖြစ်ကြောင်းနဲ့  အာဏာရှင်ဆန့် ကျင်ရေးကို လက်တွေ့ ကျကျ ရဲရဲဝန့် ဝန့် လုပ်ဆောင်နေကြတဲ့ ပြည်သူထဲမှ လူငယ်တွေ ဖြစ်ကြောင်းကို အများအနေနဲ့  ကွဲကွဲပြားပြား သိသာစေဖို့ အတွက်ကိုလည်း ပြုလုပ်သူတွေက သူတို့ရဲ့ လုပ်ရပ် ရည်ရွယ်ချက်ကို ဖေါ်ပြ ရေးသားထားတဲ့ စာရွက်တွေကို အဆိုပါ မီးရှို့ တဲ့နေရာမှာဘဲ ကြဲဖြန့် ချထားခဲ့တယ်လို့  သိရှိရပါတယ်။

အဆိုပါ စာရွက်တွေမှာ ရေးသားထားတာကတော့ “ကျနော်တို့  ပြည်သူလူထုအနေနဲ့  နအဖကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား အနိင်ကျင့်မှုကို မလိုလားတာကြောင့် ကျနော်တို့  လူငယ် မျိုးဆက်တွေကနေ ဒီလို လုပ်ဆောင်ခြင်း ဖြစ်တယ်။ ဒါဟာ နအဖနဲ့  လက်ပါးစေတွေကို သိစေလိုတဲ့ အာဏာရှင်တိုက်ဖျက်ရေး ဆန့် ကျင်လှုပ်ရှားမှုတွေထဲက လက်တွေ့ တစ်ခုဖြစ်တယ်” လို့  ရေးသား ထားကြောင်း သိရှိရပါတယ်။

နအဖတွေရဲ့  မတရားလုပ်ရပ် အပေါ် ကန့်ကွက် ဆန္ဒပြတဲ့ လူငယ်စု တစ်စုရဲ့ ယခု လှုပ်ရှားမှု ဖြစ်တဲ့ ကြံ့ဖွတ် အလံကို မီးရှို့ တာ ဖြစ်ပြီးတဲ့နောက်မှာ တာမွေမြို့နယ် ရယကနဲ့ အနီးအနား ကဖြစ်တဲ့ (စူပါဝမ်း စတိုးဆိုင် အနီး) မှာ ရှိတဲ့ ကြံဖွံ့ရုံးက ကြံ့ဖွံ့တွေ ကမန်းကတန်း အပြေးအလွှား ရောက်ရှိ လာကြတယ်လို့ သိရှိရပါတယ်။

ရောက်လာကြတဲ့ ရယကတွေ ရဲတွေ ကြံ့ဖွံ့တွေ စုစုပေါင်း အယောက် (၈၀) ခန့်က အဆိုပါ မီးလောင်ကျွမ်း ထားတဲ့ ကြံ့ဖွံ့ အလံ တစ်ပိုင်း တစရယ်၊ မီးလောင်ငွေ့ တွေနဲ့ ပြာတွေကို အခြားသူတွေ တွေ့ မြင်မှာ စိုးရိမ်ပြီး ချက်ချင်းဘဲ သိမ်းဆည်းကာ သန့် ရှင်းရေး ပြုလုပ်ကြကြောင်းနဲ့ အဆိုပါ နေရာကို မြေကြီးပေါ်က မြက်ပါ မကျန်ရအောင် ရှင်းလင်း ပြစ်လိုက်ကြကြောင်း သိရှိရပါတယ်။

နအဖအနေနဲ့  ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရား ဆက်လက် အနိုင်ကျင့် နေဦးမယ်၊ ချုပ်နှောင် ထိန်းသိမ်း ထားဦးမယ်၊ နအဖ လက်ပါးစေတွေ အနေနဲ့ ပြည်သူလူထု အပေါ်မှာ ဆက်လက် မိုက်ရိုင်း စော်ကားနေဦးမယ် ဆိုရင် ဒီ့ထက် ပိုမိုပြင်းထန်တဲ့ လက်တွေ့ ကျကျ လှုပ်ရှား ဆောင်ရွက်မှု တွေကို ပြည်သူလူထု ထဲက လူငယ်တွေ အနေနဲ့  ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရှိ ရပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form