ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာအမျိုးသမီး အချို့ကို အခမဲ့ပို့

ရန်ကုန် မြို့ တွင်အခြေစိုက်သည့် နာမည်ကျော်ကြားခြင်းမရှိ သေးသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့မှာ ၎င်းတို့ထံ နိုင်ငံရပ်ခြား အလုပ်အကိုင် အတွက် လာရောက် စုံစမ်း မေးမြန်းသည့် အမျိုးသမီးငယ် အချို့ကို သီးသန့် တွေ့ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင် နိုင်ပါက အခမဲ့ ပို့ဆောင်ပေးမည် ဟု ပြော၍ စည်းရုံးကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ထဲတွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင်ရှာ ဖွေရေး ဧဂျင်စီတစ်ခု တွင် သွားရောက်အလုပ်အကိုင် စုံစမ်း လျှောက်ထားသည့် အမျိုးသမီး နှစ်ဦး ၏ ပြောပြချက် အရ စင်္ကာပူ နိုင်ငံတွင် အလုပ် ရရှိရန် အတွက် ကိုယ်ရေး အချက် အလက်များပါ ပေးကာ ၊ သွားရောက် စုံစမ်းပြီးနောက် သုံးရက် အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတစ်ဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည် ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေး လုပ်ငန်း တစ်ခုတွင် အလုပ်လုပ် ကိုင်နိုင်မည် လား ဟုမေးမြန်းသည် သိရသည်။

ထိုကဲ့သို့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် အလုပ် ရရှိရန် အတွက် ကမ်းလှမ်း ခံရသော အမျိုးသမီး တစ်ဦးက “ကျွန်မတို့ CV တွေ သွားတင်ပြီး သုံးရက် လောက်ကြာတော့ အဲဒီ ဧဂျင်စီက ဖုန်းဆက်ပြီး လှမ်းခေါ်တယ် အလုပ်ကိစ္စတဲ့ ရုံးကို လှမ်းခေါ်တယ်။ ဟိုရောက်တော့ အမျိုးသမီး တစ်ယောက်ပဲ သီးသန့် ခန်းထဲမှာ နှစ်ယောက်ချင်း တွေ့တော့ သူက စိတ်မရှိနဲ့နော် စင်္ကာပူ က သူဌေးတွေ လာတဲ့ ကလပ်တွေမှာ အလုပ်လုပ်ပေး နိုင်မလား မေးတယ် ၊ညီမက ဘာအလုပ်လဲ ဆိုတော့ သူက ဓာတ်ပုံတွေပြတယ် ၊ယောင်္ကျားတွေ နဲ့ အတူတွဲပြီး ကနေတဲ့ ကောင်မလေးတွေပုံ လေးတွေ ၊သူက ဆက်ပြောတယ် တစ်နေ့ကို စရိတ်ငြိမ်း စင်္ကာပူ ဒေါ်လာ နှစ်ရာ အနည်းဆုံး ရမယ်တဲ့ ”ဟု သူမ တွေ့ကြုံ ရပုံကို ပြန်ပြောင်း ပြောပြသည်။


သူမ ကဲ့သို့ပင် ထို ဧဂျင်စီတွင် အလုပ်လာရောက် လျှောက်ထားသော အခြား အမျိုးသမီး နှစ်ဦးမှာလည်း ထိုကဲ့သို့ပင် မေးမြန်းခံရသည် ဟု သိရသည်။

၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းမှ စ၍ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ ကို စစ်အစိုးရမှ တရားဝင် လုပ်ပိုင်ခွင့်များ ချပေးထား သော်လည်း အများစုမှာ စစ်အစိုးရ အရာရှိများ နှင့် နီးစပ်သူများသာ ဖြစ်သည် သောကြောင့် ထို မိန်းကလေး နှစ်ဦးမှာ ထို ဧဂျင်စီ ၏ အမည်ကို ဖေါ်ပြ ရေးသားရန် ငြင်းဆန် ခဲ့ကြသည်။

ယမန် နှစ်က အလုပ်သမား ဦးစီးဌာန မှ တစ်နှစ် လျှင် နိုင်ငံခြားတိုင်းပြည် များသို့ အလုပ်သမား ၇၀၀ခန့် မပို့ နိုင်သော အလုပ်အကိုင် ရှာဖွေ ရေးဧဂျင်စီ များကို လိုင်စင် သက်တမ်း တိုးမပေး ဟု ခြိမ်းခြောက်ခဲ့မှု ကြောင့် အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများမှာ အလုပ်သမား အထွက် တင်ပြ နိုင်ရေး အတွက် ထိုသို့ မလျှော် ကန် သည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ် နိုင်ကြောင်း ကျောက်တံတား မြို့နယ်တွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီတစ်ခု မှ မန်နေဂျာ တစ်ဦးက ပြောသည်။

ရန်ကုန် အချို့ စိုက် အလုပ်အကိုင် ရှာဖွေရေးဧဂျင်စီ အချို့ ကို စစ်အစိုးရ ဖိနှိပ်မှု အောက်တွင် စားဝတ်နေရေး ကျပ်တည်းကျသော မြန်မာလူငယ် အချို့က အားထားကြသော် လည်း အချို့အလုပ်ကိုင် ရှာဖွေ ဧဂျင်စီများ ၏ တာဝန်မဲ့သော လုပ်ရပ်များကြောင့် နိုင်ငံ ရပ်ခြားတွင် အဆင်မပြေ ဖြစ်ကာ ဘ၀ပျက် ကျရသော အလုပ်သမားများ လည်းရှိသည်။

ဘ၀ပျက်၍ ပြည်တော် ပြန်လာကြသော အလုပ်သမားများ က ၎င်းတို့ ကို အခကြေးငွေယူ၍ စေလွှတ် ပေးသော ဧဂျင်စီများ အား တရားစွဲ ဆိုမှုများပြုပါက အာဏာပိုင် များနှင့် ပေါင်းက ထို အလုပ်သမားအား ပြန်လည် မတရား အမှုဆင်မှုများ ရှိသည်။

ရန်ကုန်မြို့ရှိ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ များသည် ယခုနှစ် အတွင်း ကမ္ဘာ စီးပွားရေး ကျဆင်းမှုကြောင့် နိုင်ငံခြားသို့ အလုပ်သမားများ ယခင် နှစ်က ကဲ့သို့ မပို့ ဆောင် နိုင်တော့ ကြောင်းသိရသည်။

မြန်မာ အမျိုးသမီးများအား လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် တာဝန် ထမ်းဆောင်ရန် အတွက် ပို့ဆောင် ပေးသော ဧဂျင်စီ လေးခုခန့် ရှိပြီး ထိုဧဂျင်စီများမှာ မှတ်ပုံတင် မထားသော ဧဂျင်စီများ ဖြစ်ကြောင်း အလုပ်အကိုင် ရှာဖွေ ရေး ဧဂျင်စီ မှာ ၀န်ထမ်း တစ်ဦးက ပြောသည်။

မြန်မာ အမျိုးသမီး အများစုအား လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ရန် အများ ဆုံးပို့ လွှတ် သော နိုင်ငံများမှာ ထိုင်း၊စင်္ကာပူ ၊တောင်ကိုရီးယား နှင့် ပင်လယ်ကွေ့ နိုင်ငံများ ဖြစ်သည်။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form