မလေးရဲက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပမည့် မြန်မာလူမျိုးများကို ၀င်ရောက် ဖမ်းဆီး

Freedom News Group | ယမန်နေ့ ကကျရောက်သော ထောင်သွင်း အကျဉ်းချ ခံထားရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မလေးရှားနိုင်ငံ ဆီလန် ဂါ ပြည် နယ် ပယ်တလင်း ဂျယာ မြို့ တွင် ကျင်းပရန် စီစဉ် ထားသည့် အထိမ်း အမှတ် အခမ်းအနား တစ်ခု ကိုဒေသ ဆိုင်ရာ အာ ဏာ ပိုင်များ နှင့် ရဲ အဖွဲ့ က ရောက်ရှိလာကာ လူ၁၅၀ ကျော်အားဖမ်းဆီးသွားခဲ့သည်။

ရဲ က လာရောက် တားမြစ် သဖြင့် ပွဲ ကိုဖျက်သိမ်းလိုက်ရပြီး ကျင်းပမည့်နေရာတွင် ရှိနေသည့် သူများကို လည်း ဖမ်းဆီး သွားကြောင်း သိရသည်။ ထိုအခမ်းအနားကို မလေးရောက် မြန်မာ လူမျိုးများနှင့် အတိုက်အခံ အဖွဲ့ အစည်းများက ဦးစီးကျင်းပခြင်းဖြစ်ပြီး မလေးရှား အတိုက်အခံ တစ်ဦးဖြစ်သူအဏ္ဏ၀ါ အီဗရာဟင် တို့ အဖွဲ့ မှ လည်း ကူညီ ပံပိုးပေးသည် ဟုသိရသည်။


ထိုအခမ်းအနားတွင် မလေးရဲအဖွဲ့ မှ ဖမ်းဆီးခြင်းကိုခံရသူ ကို ၀င်းလတ် က “မလေးရဲ က မြန်မာ တွေ လုပ်တာထက် သူ့ တို့ အတိုက်ခံ တွေ ကို နှိပ်ကွပ် ချင်တာလဲ ပါတယ်။အားလုံးကို ဖမ်းသွားတယ်
ပတ်စပို့ ရှိတဲ့ လူပြန် လွှတ်ပေးတယ် ၊မရှိ တဲ့ လူဆိုမနက် ဖြန် မှ လွတ်မလား မသိဘူး ဟု Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ အတွက် မလေးရောက် မြန်မာ များက စီစဉ်တင်ဆက်မည့် အစီအစဉ် စတင်ရန် အတွက် ပြင် ဆင်နေ စဉ် တွင် ခရိုင်ရဲ မှုး နှင့် ရဲကား ၈စီးရောက်ရှိ လာပြီးဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အိန္ဒိယ – မြန်မာနယ်စပ် မိုရေး မြို့ တွင် လည်း အာဏာပိုင် များက မြန်မာအတိုက် အခံများ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်း ပွဲ နှင့် ချီတက် လမ်းလျှောက် ပွဲ များကို ခွင့်မပြု ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထမ်းအမှတ် အခမ်းအနား အား အနည်း ဆုံး ကမ္ဘာ နိုင်ငံပေါင်း ၁၂၀ ကျော် တွင် ကျင်းပ ကြသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form