မလေးရှား ရဲက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပမည့် မြန်မာလူမျိုးများကို ၀င်ရောက် ဖမ်းဆီး


ပယ်တလင်ဂျာယာ ရဲမှူးက ပွဲကို ဖျက်သိမ်းရန် နှင့် မြန်မာများ ရဲစခန်းသို့ လိုက်ရန် လာရောက် ပြောကြားစဉ် ဓာတ်ပုံ-Freedom News Group
Freedom News Group | ယမန်နေ့ ကကျရောက်သော ထောင်သွင်း အကျဉ်းချ ခံထားရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မလေးရှားနိုင်ငံ ဆီလန်ငေါ ပြည်နယ် ပယ်တလင်းဂျာယာ မြို့တွင် ကျင်းပရန် စီစဉ် ထားသည့် အထိမ်းအမှတ် အခမ်းအနား တစ်ခုကို ဒေသ ဆိုင်ရာ အာဏာ ပိုင်များနှင့် ရဲအဖွဲ့က ရောက်ရှိ လာကာလူ ၁၅၀ ကျော်အား ဖမ်းဆီး သွားခဲ့သည်။

ရဲက လာရောက်တားမြစ် သဖြင့် ပွဲကို ဖျက်သိမ်း လိုက်ရပြီး ကျင်းပမည့် နေရာတွင်ရှိနေသည့် သူများကိုလည်း ဖမ်းဆီး သွားကြောင်း သိရသည်။ ထိုအခမ်းအနားကို မလေးရောက် မြန်မာ လူမျိုးများနှင့် အတိုက်အခံ အဖွဲ့အစည်းများက ဦးစီး ကျင်းပခြင်း ဖြစ်ပြီး မလေးရှား အတိုက်အခံ တစ်ဦး ဖြစ်သူ အဏ္ဏ၀ါ အီဗရာဟင် တို့အဖွဲ့ မှလည်း ကူညီ ပံပိုးပေးသည်ဟု သိရသည်။


ထိုအခမ်းအနားတွင် မလေးရှား ရဲအဖွဲ့မှ ဖမ်းဆီးခြင်း ခံရသူ ကိုဝင်းလတ် က “မလေးရဲ က မြန်မာတွေ လုပ်တာထက် သူ့တို့ အတိုက်ခံတွေကို နှိပ်ကွပ် ချင်တာလဲ ပါတယ်။အားလုံးကို ဖမ်းသွားတယ်
ပတ်စပို့ ရှိတဲ့ လူပြန် လွှတ်ပေးတယ် ၊မရှိတဲ့ လူဆို မနက်ဖြန် မှ လွတ်မလား မသိဘူး ဟု Freedom News Group သို့ ပြောသည်။

မွေးနေ့ ဆုတောင်း သူများကို ဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကျန်ရှိခဲ့သော ဆုတောင်းပွဲ ကျင်းပမည့် အခမ်းအနား နေရာ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲအတွက် မလေးရောက် မြန်မာများက စီစဉ် တင်ဆက်မည့် အစီအစဉ် စတင်ရန် အတွက် ပြင်ဆင် နေစဉ်တွင် ခရိုင်ရဲ မှူး နှင့် ရဲ ကား ၈ စီး ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အိန္ဒိယ – မြန်မာ နယ်စပ် မိုရေး မြို့တွင်လည်း အာဏာပိုင်များက မြန်မာ အတိုက်အခံများ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ နှင့် ချီတက် လမ်းလျှောက်ပွဲ များကို ခွင့်မပြုဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားအား အနည်းဆုံး ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၀ ကျော်တွင် ကျင်းပကြသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form