ဂျွန်ဝီလီယန်ယက်တောနဲ့  ဆက်စပ်နေတဲ့ နောက်ကွယ်က သတင်း


အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်၍ ကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝန်းထဲကို ၀င်ရောက် ခဲ့တဲ့ ဂျွန်ဝီလီယန် ယက်တောနဲ့ ဆက်နွယ်နေတဲ့ Latter Day Saints Church ဟာ ဓါတ်ပုံများမှာ တွေ့ရတဲ့ အတိုင်း နအဖကြံ့ဖွတ် တံဆိပ်ကြီး ရှိနေတာတွေ့ ရပါတယ်။ ဒီ Church ရဲ့ လိပ်စာကတော့ အမှတ် ၁၄၆ (အေ)၊ ပြည်လမ်း၊ (၈) မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။ အေ၀မ်း ရုပ်ရှင်ခြံ အနီးက အောင်မြေ ဘုံနန်းကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။

ဂျွန်ဝီလီယန် ယက်တောနဲ့  ဆက်စပ်နေတဲ့ Church ဟာ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံခရစ်ယာန်ကောင်စီနဲ့  ဆက်သွယ်ပြီး သာသနာပြု လုပ်ငန်းတွေကို လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ၊ ၂၀၀၇ ခုနှစ်မှာ နအဖ ကြံ့ဖွတ်နဲ့ ပေါင်းပြီး ဘာသာစကား သင်တန်း အခြေခံ သာသနာပြု လုပ်ငန်းတွေ လုပ်နေကြောင်း သိရှိရပါတယ်။

ဂျွန်ဝီလီယန် ယက်တောရဲ့ ဇနီး ဖြစ်သူရယ်၊ သူနေတဲ့ မြို့က ရဲ အရာရှိရယ်၊ နောက် ဂျွန်ဝီလီယန် ယက်တောကို သိသူများရဲ့ ပြောကြားချက် အရဆိုရင် ဂျွန်ဝီလီယန် ယက်တောဟာ ငွေကြေး ပြေလည်မှု မရှိတဲ့ အပြင် ချေးငွေ အကြွေးများနဲ့ ရင်ဆိုင် နေရသူ ဖြစ်ကြောင်း၊ ခရီးဝေး ထွက်ဖို့ စရိတ်စကကို ဘယ်ကနေ ရရှိလို့ သုံးစွဲနိုင်တယ် ဆိုတာ သံသယ ရှိမိကြောင်းကို ပြောဆိုခဲ့ပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form