အင်န်အယ်ဒီပါတီဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ၆၄ မွေးနေ့ ကျင်းပ




ယနေ့ ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီ ပါတီဌာနချုပ်တွင် ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အဖွဲ့ချုပ်လူငယ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုများနှင့် ပါတီ၏ အမျိုးသမီး ခေါင်းဆောင် များဖြင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အများ ပြည်သူ လူထုနှင့် မြို့နယ်၊ တိုင်းအသီးသီးမှ အတိုက်အခံ ပါတီဝင်များ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် သပိတ်မှောက် ကံဆောင် သံဃာတော်များကလည်း ဘုရား ကျောင်းကန်များ၊ ကျောင်းနှင့် အိမ်ဝင်း အသီးသီးတို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကောင်းမှုကုသိုလ်များ၊ ဆုတောင်းပွဲများ စုဝေးပြုလုပ်ကြသည်ဟု ဆိုသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form