မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မိုင်ပေါင်း ၉ဝဝ ခရီးရှည် ချီတက်ခြင်း စတင် လိုက်ပြီ။

မေလ ၂၇၊ ၂ဝဝ၉ယနေ့နံနက် ၉ နာရီ၊ ၉ မိနစ်တွင် Indiana Fortwayne ဇေတဝန်ကျောင်း၊ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီမှ နယူးယောက်မြို့၊ ကုလသမဂ္ဂံရုံးချုပ်ရှေ့ အထိ “မိုင်ပေါင်း ၉ဝဝ ခရီးရှည် ချီတက်ခြင်း”ခရီးစဉ်ကို စတင်လိုက်သည်။


နံနက် ၈ နာရီတွင် Fortwayne မြို့ ဇေတဝန်ကျောင်း၌ ဘုန်းတော်ကြီးဦးကုသလ၊ ဦးဝါသဝ၊ ဦးတိက္ခစာရ တို့ထံမှ ငါးပါးသီလ ခံယူကြကာ ပရိတ် တရားတော်များ နာကြားခြင်း၊ အောင်မောင်း ၇ ချက်တီးခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆုတောင်း သစ္စာ အဓိဌာန်ပြုခြင်း၊ အလေးပြုခြင်း ၃ ရပ်ဖြင့် အလေးပြုခြင်းများ ပြုလုပ်ကြပြီးနောက် ဤခရီးစဉ်ကို စတင်ခဲ့ကြသည်။

နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး (အမေအေး) ကလည်း အောင်အတိတ် အောင်နိမိတ်ကို ဆောင်သော အောင်သေပြေခက်ကို လက်ဆောင် အဖြစ် ပေးကာ ဦးဇင်း ဦးကုသလနှင့် ဇေတဝန်ကျောင်း သံဃာတော် များက အောင်နိမိတ် ဂါထာတော်များ ရွတ်ဆို ပူဇော်ရင်း အောင်သပြေခက်ဖြင့် ရေစဉ် ပက်ဖြန်း မေတ္တာပို့ ကြသည်။

ယနေ့ခရီးစဉ်တွင် မိုင်ပေါင်း ၉ဝဝ အစမှအဆုံး လမ်းလျှောက် ကြမည့် ရဲဘော် မောင်မောင်တိတ်၊ ရဲဘော် ကျော်ရှိန်၊ ရဲဘော် စောငို၊ ရဲဘော် မင်းရွှေဦး၊ ရဲဘော် ကဘောယူ နှင့် လမ်းတလျှောက် သတင်းနှင့် ဓါတ်ပုံ မှတ်တမ်း တင်သွားမည့် ရဲဘော် ကျော်ထွန်းတို့ အပြင် တင်နင်ဆီပြည်နယ်မှ လာရောက်အားပေးခဲ့ကြသော ရဲဘော်ရဲဝင်း၊ ရဲဘော်ခရစ်၊ ရဲဘော်စောဖာဒါး၊ ရဲဘော်ကျော်ဇော (ဖလော်ရီဒါ)၊ Fortwayne ဒေသခံ ရဲဘော်ချစ်ဖွယ် အပါအဝင် ဆယ်ဦးတို့ ယနေ့ ခရီးစဉ် တဝက်အထိ အင်အားဖြည့် လမ်းလျှောက်ခဲ့ကြသည်။

အပြည့်အစုံ သတင်းများဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form