အမေရိကန် ဖျက်သင်္ဘောက နောက်ယောင်ခံ လိုက်နေသည့် ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက်ကပ်မည့် သတင်း တစ်စုံတစ်ရာ မရှိဟု စစ်အစိုးရပြော


၂၀၀၇ ခုနှစ် မေလ ၂၁ ရက်နေ့ က ယခုလက်နက်များ တင်ဆောင်လာသည် ဆိုသည့် မြောက်ကိုရီးယား သင်္ဘော သီလ၀ါ ဆိပ်ကမ်းတွင် ဆိုက်ပ်ထားစဉ် The Kang Nam I cargo ship docks at the port in Yangon, 21 May 2007.
ဟိန်းခိုင်ထွန်း | ယနေ့ ည စစ်အစိုးရ အာဘော် မြန်မာ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် ယခု ရက်ပိုင်း အတွင်း ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ လာရောက်၍ အိန္ဒိယ မှ ဆန်များ သယ်ဆောင် လာရန်ရှိသည့် မြောက်ကိုရီးယား ကုန်တင် သင်္ဘော ၀င်ရောက်ရန် ရှိသော်လည်း အမေရိကန် ဖျက် သင်္ဘော U.S. S.John Mccain မှ နောက်ယောက်ခံ လိုက်နေသည့် ကန်နန် ၁ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆိပ်ကမ်း များသို့ ၀င်ရောက် ဆိုက်ကပ် ရပ်နားမည့် သတင်း တစ်စုံတစ်ရာ မရရှိကြောင်း ကြေညာ သွားခဲ့သည်။

နိုင်ငံတကာ သတင်းဌာနများမှ စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘော ကန်နန် မှာ မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်း ရေးသား ကြသော်လည်း မြန်မာ ဆိပ်ကမ်းသို့ အိန္ဒိယနိုင်ငံ ကာလကတ္တားမှ ဆန်တန်ချိန် ၈၀၀၀ ကျော် တင်ဆောင်လာသည့် အမ်ဗွီ ဒူမန်ကန် သင်္ဘောသာလျှင် ဇွန်လ ၂၇ ရက် တွင် ဆိုက်ကပ်ရန် အစီအစဉ် ရှိကြောင်း ကြေညာသွားသည်။


ဇွန်လ ၁၇ ရက်နေ့ က မြောက်ကိုရီးယားနိုင်ငံ နမ်ပို ဆိပ်ကမ်းမှ ထွက်ခွာခဲ့သော တန်ချိန် နှစ်ထောင် ကျော်ရှိ ကန်နန် သင်္ဘောမှာ ကြာသပတေးနေ့ မနက် အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံ နှင့် အနီးဆုံး တောင်တရုတ် ပင်လယ် နိုင်ငံတကာ ရေပိုင်နက်တွင် ရှိနေပြီး အမေရိကန် ဖျက် သင်္ဘော က ထပ်ချပ်မကွာ လိုက်လံ စောင့်ကြပ် လျှက်ရှိသည်။

လက်နက်များ သယ်ဆောင် လာသည် ဆိုသော ထို သင်္ဘောအား အမေရိကန် အစိုးရမှ တစ်ဆင့် ပင်တဂွန် စစ်ဌာနချုပ်မှ အမိန့် ရမှ တက်ရောက် ရှာဖွေ နိုင်မည် ဖြစ်သည်။

မြန်မာ စစ်အစိုးရ သည် မြောက်ကိုရီးယား နှင့် သံတမန် ပြန်လည် ဆက်သွယ်ချိန်မှ စပြီး အကြီးစား စစ်လက်နက်ပစ္စည်းများ ၀ယ်ယူမှု ရှိခဲ့သည်ဟု အပတ်စဉ် ထုတ် ဂျိမ်း ကာကွယ်ရေး စာစောင်တွင် ဖေါ်ပြထားသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form