မြောက်ကိုရီးယား သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းနေ


မြန်မာ နိုင်ငံသို့ ဦးတည် ခုတ်မောင်းနေသည့် မြောက်ကိုရီးယား သင်္ဘော ကန်နန်
ဓာတ်ပုံ-ရိုက်တာ
Fox News | မြောက်ကိုရီးယား နိုင်ငံမှ မြန်မာ နိုင်ငံသို့ ဦးတည် ခုတ်မောင်း လျှက်ရှိသည့် တန်ချိန် နှစ်ထောင်ကျော် ရှိ ကန်နန် အမည်ရှိသင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ဖျက်သင်္ဘော အုပ်စုက နောက်ယောင်ခံ လိုက်လျှက်ရှိသည်ကို ဖောက်(စ) သတင်းဌာန က ဖေါ်ပြထားသည်။

ထိုသဘောင်္သည် ဗုဒ္ဓဟူးနေ့ က မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ်မြို့အနီး နမ်ပို ဆိပ်ကမ်း မှ ထွက်ခွာလာပြီး တရုတ်နိုင်ငံ ကမ်းရိုးတန်း များမှ တစ်ဆင့် စင်္ကာပူတွင် ဆီဖြည့်ပြီးနောက် တွင်မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလျှက် ရှိနိုင် ကြောင်းဖေါ်ပြထားသည်။

လွန်ခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက လက်နက်ရောင်းချမှု အသစ် ပြုလုပ်ပြီးနောက် ပထမဦးဆုံး သံသယ ဖြစ်စရာ ကောင်းသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်သည် ဟု ဆိုသည်။သင်္ဘောတွင် မည်သည့် ပစ္စည်းများ တင်ဆောင် ထားသည်ကို အတိအကျ မသိရသော်လည်း တောင်ကိုးရီးယား ရုပ်မြင်သံကြားမှ သတင်း တစ်ရပ်တွင်မူ အထီးကျန် မြောက်ကိုရီးယား နိုင်ငံသည် ထိုကဲ့သို့သော သင်္ဘော ငါးစီးဖြင့် လက်နက် တင်ပို့ ရောင်းချမှုများ ပြုလုပ်သည်ဟု သိရသည်။

စင်္ကာပူတွင် ဆီဖြည့်မည်ဟု ယူဆ ရသော ထိုသဘောင်္သည် တရုတ် ကမ်းရိုးတန်းမှ တနင်္လာနေ့ မနက် အစောပိုင်းတွင် ခွာချိန်၌ အမေရိကန် သဘောင်္တို့က အမိန့်ရလျှင် ကြားဖြတ် ဟန့်တား စစ်ဆေး နိုင်ကြောင်း ကိုရီးယား သတင်း ဧဂျင်စီ ယောင်ဟပ်တွင် ဖေါ်ပြထားသည်။

ကန်နန် သင်္ဘောသည် ၂၀၀၆ ခုနှစ်က လက်နက်များ သယ်ဆောင် လာစဉ် ဟောင်ကောင် ဆိပ်ကမ်း၌ ဖမ်းဆီး ရမိခဲ့ဖူးသည်။ အမေရိကန် ပစိဖိတ် ရေတပ် အုပ်စုကမူ မြန်မာနိုင်ငံသို့ မရောက်ရှိခင် ဆီဝင်ဖြည့်မည့် နိုင်ငံများကို ထိုသင်္ဘောအား ဆီမဖြည့်ပေးရန် ပန်ကြားထားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ယဉ်ကျေးသော ကမ္ဘာ့ နိုင်ငံများကို ခြိမ်းခြောက်နေသည့် ရန်လိုသည့် နိုင်ငံ ဖြစ်သည်။ ယခု လက်နက် များတင် ဆောင်လာသည် ဟု ထင်ရသော ကန်နန် သင်္ဘော မြောက်ကိုရီးယား နိုင်ငံ၏ အမျိုးသား ကာကွယ်ရေး ကော်မရှင် ဥက္ကဌ နေရာကို ကင်ဂျုံအီ ၏ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအ ရာထူး ဆက်ခံပြီးချိန် တွင် ပေါ်ပေါက်ခဲ့သော ပထမဦးဆုံး ဖြစ်ရပ် ဖြစ်သည်။

ကင်ဂျုံအာသည် ဆွစ်ဇာလန် နိုင်ငံတွင် ပညာ သင်ကြားခဲ့ပြီး အသက် ၂၆ နှစ်ရှိပြီ ဖြစ်သည်။ ရီပတ် ဘလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းကလည်း စီဘီအက်(စ) သတင်းဌာန နှင့် တွေ့ ဆုံခန်းတွင် ထိုသဘောင်္ကို ကြားဖြတ် စစ်ဆေး၍ လက်နက် ပိတ်ဆို့မှု ကို ချိုးဖောက်မှု ရှိမရှိ သိသာ ထင်ရှားအောင် လုပ်သင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများသည် မြောက်ကိုရီးယား လက်နက် တင်ဆောင်လာသော သင်္ဘောများ အတွက် ခရီးတစ်ထောက် နားရာ နေရာ ဖြစ်သည်။

မြန်မာသို့ ဒုံးလက်နက် ပစ္စည်းများ တင်ဆောင်လာပြီး ထွက်ခွာလာသည် ဆိုသော မြောက်ကိုရီးယား သင်္ဘောကို နောက်ယောင်ခံ လိုက်လာသည့်
USS John Mccain ဦးဆောင်သည့် ဖ်က္သေဘာၤ အုပ္စု


source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form