ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအဖမ်းခံရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  ပတ်တလင်းဂျာရာ အမ်းကော့မော အနီး ပန်းခြံတွင်း၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်၏ ခြောက်ဆယ့် လေးနှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို 19. 6 . 2009 တွင် မလေးရှား အတိုက်အခံပါတီ Parkatan Rakyat (PKR) - People Justice Party မှ ကြီးမှူး၍ ပြုလုပ်ခဲ့ပြီး မြန်မာ အဖွဲ့အစည်း များအားလည်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ အခမ်းအနားမှာ ည ၈ နာရီမှ ည ၁၀ ထိဖြစ်သည်။

အခမ်းအနား မစတင်မီမှာပင် မလေးရှား အာဏာပိုင်များမှ အရပ်ဝတ်များဖြင့် ရောက်ရှိ လာကာ အခမ်းအနား အနီးတ၀ိုက်ရှိ လူများအား စစ်ဆေးမေးမြန်းမူများ စတင်ပြုလုပ်ခဲ့သည်။ အချိန်အနည်းငယ်အတွင်း၌ပင် အာဏာပိုင်များသည် ယူနီဖောင်းဝတ်များဖြင့် ထပ်မံ ရောက်ရှိလာပြီး ပီကေအာရှိ တာဝန်ရှိ သူများဖြင့် စစ်ဆေး မေးမြန်းမူများ ထပ်မံ ပြုလုပ် ခဲ့ကြသည်။


ထို့နောက် နာရီဝက်ခန့် အကြာတွင် ရောက်ရှိနေကြပြီး ဖြစ်သော မြန်မာ အဖွဲ့အစည်း များမှ တက်ရောက် လာကြသူ အားလုံးအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။ မလေးရှား လူမျိုးများကို ဖမ်းဆီးခြင်း မရှိခဲ့ပေ။ အများစုမှာ ဖမ်းဆီးမှု သတင်းကို ကြားသည့် အတွက် လမ်းတ၀က် ကပင် လှည့်ပြန် သွားခဲ့ကြ သောကြောင့် အဖမ်းခံ ရမှုမှ လွတ်မြောက် ခဲ့ကြသည်။

ယင်းအခမ်းအနားသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဆုတောင်းသည့် အခမ်းအနား တခုသာဖြစ်ပြီး အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါက်တာ ၀မ်အာဇီဇာ လာရောက် စကားပြောကြားမည်ဟု သိရပါသည်။

အဖမ်း ခံရသည့် သူများမှာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဖြစ်ကြပြီး သူတို့ကို ဖမ်းဆီး ထောင်ချမည်ဆိုပါက မလေးရှား နိုင်ငံ အတွင်း မြန်မာ့ ဒီမိုကရေစီ အင်အားစု အဖွဲ့များ အင်အား ယိမ်းယိုင် သွားနိုင်ဖွယ် ရှိပါသည်။
သို့ပါ၍ ဤအဖြစ်အပျက် အား ကမ္ဘာ တ၀ှမ်းလုံးရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် မီဒီယာများက မလေးရှား အစိုးရအား ၀ိုင်းဝန်း ဖိအား ပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ် ပါသည်။

အဖမ်းခံရသည့်လူများနှင့် အဖွဲ့ အစည်းများ စာရင်း
  • ၁။ ထက်အောင်ရှိုင်း NLD
  • ၂။အောင်ကျော်သူ NLD
  • ၃။ အောင်သူရ NLD
  • ၄။ ငြိမ်းချမ်း NLD
  • ၅။ ကိုကိုဝင်း NLD
  • ၆။ အောင်ကျော် NLD
  • ၇။ကျော်ကိုကိုကျော် NLD(Youth)
  • ၈။ ဆန်းဝင်း BWRPC
  • ၉ ။ ကိုမင်းသိမ်း dpns
  • ၁၀။ သန်းဦး ARRC
  • ၁၁။ သန်းထွန်းအောင် ARRC
  • ၁၂။ တော်မီမြတ်ဦး
  • ၁၃။ ကျော်ကျော် ARRC
  • ၁၄။ ပြည့်ဖြိုးနိုင် ARRC
  • ၁၅။ ထင်ကျော် BWRPC
Copy from http://www.zawmyolwin.blogspot.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form