မြတ်မိခင်ဒေါင်း။

အမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။
မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။

ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

တကယ်ယုတ်မာ ပြိတ္တာများရယ်က၊
အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊
မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊
ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊
ဗျတ္တိဉာဉ် မပြောင်းပါဘူး၊
သတ္တိအစဉ် ကောင်းပါဘိ၊
မြတ်မိခင်ဒေါင်း။

ကိုဒေါင်းကြယ်စင် ရဲ့ကဗျာပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form