အထွေထွေသပိတ်ဆင်နွဲမည် အားလုံးအသင့်ပြင်ထားကြ

အထွေထွေသပိတ်ဆင်နွဲမည် အားလုံး အသင့်ပြင်ထားကြ

ယနေ့ မြန်မာနိုင်ငံသည် အားလုံး တက်ညီလက်ညီဖြင့် အထွေထွေသပိတ် ဆင်နွဲရမည့် အချိန်ရောက်နေပါပြီ။ န.အ.ဖ စစ်မိစ္ဆာများ၏ ဆိုးရွားမှုသည် တနေ့တခြား ပိုမိုဆိုးရွား ယုတ်မာလာပါသည်။

ပြည်သူလူထူကြီး တရပ်လုံး ရှိခိုးပူဇော်ရာဖြစ်သောသံဃာတော် များကိုပင်စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်း ထုတ်နဲ့ ရိုက်သတ်၊ သေနတ်နဲ့ ပစ်သတ်ကာ ယုတ်မာချင်တိုင်း ယုတ်မာ နေကြပါသည်။ ယခုထိ သံဃာတော် အများအပြား န.အ.ဖ အကျဉ်းထောင်ထဲတွင် အနှိပ်စက်ခံ အညှင်းဆဲခံနေကြရဆဲ ဖြစ်ပါသည်။

အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို တခြားလွဲချကာ အကောက် ဉာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန် ထောင်သို့ ပို့ခြင်းသည် ငါတို့ ကြိုက်တာလုပ်မည် ဘယ်သူမှ ဂရုစိုက် စရာမလိုဟု ပြည်သူ တစ်ရပ်လုံးကို စော်ကားရာ စိန်ခေါ်ရာ ရောက်နေပါသည်။သို့ပါ၍ အခု န.အ.ဖ စစ်အစိုးရ၏ ရိုင်းပြစော်ကားမှုများသည် အလွန် ဆိုးရွား နေပါသောကြောင့် လာမည့် မေလ၃၀ရက်နေ့ကို နောက်ဆုံးထား ကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပါ။

ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါကမေလ၃၁ရက်တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အထွေထွေ သပိတ် ဆင်နွဲမည် အားလုံး အသင့်ပြင်ထား ကြပါ။

* မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့*

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form