ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

လေပြင်း မွှေနှောက်
ဘ၀တွေ ပျေက်ခဲ့ကြတာ

တနှစ်လည်မြောက်
ရောက်ခဲ့ပြီတဲ့လား

ကြွေလွင့်ခဲ့တဲ့ အသက်တွေ
ဝေခဲ့ကြတဲ့ မျက်ရည်
ပြိုကွဲခဲ့တဲ့ ဘ၀တွေ
ဘာတွေနဲ့ အစားထိုး
ပြဇာတ် တစ်ခုနိဂုံးလို
ပြည်ဖုံးကားချလို့ ရလို့လား

ဟိုး... မှာ ကြည့်စမ်း
အသက်မပါတဲ့ မျက်လုံး
အပြုံးတုတွေတပ်
ဘ၀ရဲ့နေ့တွေ ဖြတ်နေကြသူတွေ

တစ်ချို့က ရူးသွပ်
တစ်ချို့က ပေါက်ကွဲ
တစ်ချို့က ငရဲရောက်နေသလို
အသက်ဆက်ဖို့ အဓိပ္ပါယ်မဲ့
မေ့မရတဲ့ နေ့စွဲ တစ်ခု (မေလ ၂ ရက် ၂၀၀၈ ခုနှစ်)။
တစ္ဆေလို ခြောက်လှန့်
မြွေမဆိုတဲ့ အမည်နာမနဲ့
ဝင်ရောက်ခံ ဒေသတွေ
အခုထိ အလွမ်းတွေ စွေတုန်း
သေလွန်ခြင်းနောက်
ဘယ်ဆီ ခရီးပျောက်နေကြမဲ့
မိသားစုတွေ မျှော်တုန်း
ဧရာဝတီရဲ့ ကမ်းနဖူးမှာ
သားသေကို လွမ်းငိုနေတဲ့
အမေအို တွေရှိတယ်

အမေ့စိတ်နဲ့ ဖြေသိပ်နေတဲ့
သားတွေရှိတယ်

ဘ၀ ကြင်ဖော်တွေကို
ရက်စက်စွာ ၀ါးမြိုခဲ့တဲ့
ဧရာဝတီရဲ့ ရင်ခွင်ကို
ခါးသီးစွာကြည့်နေတဲ့
ကြင်ဖော်ဝေးတွေရှိတယ်

ခိုကိုးရာမဲ့ ဘ၀တွေမှာ
လိုနေတာက မေတ္တာ
ဖြူစင်တဲ့ စေတနာ

ရာသီတွေ ပြောင်းခဲ့ပေမဲ့
မဟောင်း နိုင်တဲ့ ရင်တွေနဲ့
သူတို့ ရှင်သန်ရာ ဒေသတွေမှာ
သုသာန် တစလို
ရင်ခွင်တွေ တိတ်ဆိတ်

တကယ်တော့လဲ
ဒီရင်တွေ မငြိမ်းသမျှ
နေထိုင်ရာ ဒေသတွေဟာ
လူရှင် သင်္ချိုင်းတွေ လိုပါပဲ

ဆိုကြ စတမ်းဆို
ဦးနှောက် ဉာဏ်တွေ ရှိပေမဲ့
တွေးနိင်သလောက်တွေးခွင့်မရဘူး
မျက်လုံးတွေ ရှိနေပေမဲ့
မြင်နိုင် သလောက် မြင်ခွင့်မရဘူး
နားတွေရှိနေပေမဲ့
ကြားနိုင် သလောက် ကြားခွင့် မရဘူး
ပါစပ်တွေ ရှိပေမဲ့
ပြောနိုင် သလောက် ပြောခွင့်မရဘူး
လက်တွေရှိပေမဲ့
လုပ်နိုင်သလောက် လုပ်ခွင့် မရဘူး
ခြေတွေရှိပေမဲ့
လျှောက်နိုင် သလောက် လျှောက်ခွင့် မရဘူး
ဘယ်သူမှ ပြန်မပြောပါနဲ့နော်

ခပ်တိုးတိုးလေး ပြောပြပါ့မယ်
ကျွန်တော်ဟာလဲ
လူရှင် သင်္ချိုင်းက
လူတစ်ယောက် ပါပဲ

ကျွန်တော် နေတာလား?
ဟုတ်ကဲ့ ဖြေပါ့မယ်
ရှူး... ဘယ်သူမှ မပြောနဲ့နော်
ကျွန်တော်နေတာ မြန်မာပြည်မှာပါ။

အဲဒါကြောင့် ပြောတာပေါ့
ကျွန်တော်ဟာလဲ
လူရှင် သင်္ချိုင်းကပါလို့

(မေလ၂ ရက်နေ့ နာဂစ် တစ်နှစ်ပြည့် အမှတ်တရ ခံစားရေးဖွဲ့ပါသည်။)

ဇွဲမာန်။

ဓါတ်ပုံအား ကိုနစ်နေမန်း ဆီမှ ရယူပါတယ်... ကျွန်တော် ဒီဓါတ်ပုံလေး မြင်ပြီး အရမ်းခံစားမိလို့ပါ။

0 comments: