ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့  သမိုင်းဝင် နေရာတစ်ခု ဖြစ်တဲ့ ဗုဒ္ဒဘာသာဝင်တို့  အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက် ဆုတောင်းဖို့  ကြိုးစားခဲ့ပါတယ်။ အဲ့ဒီ အောင်မြေ နေရာ ရောက်တဲ့ အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတစ်ဦး တစ်ယောက်တည်း ထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာတွေ့ ရပါတယ်။

ဒါနဲ့  အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့  ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရား လုံခြုံရေး နှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေ အကာအ၀န်းထဲမှာ ၀င်ရောက် ဆုတောင်း နေသူက နအဖ မိသားစုဝင် တစ်ဦးဖြစ်လို့ ဆိုတာ သိရပါတယ်။
အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့  မည်သူ့ ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီး အနီးအနားကို ငှက်များ ပျံသန်း ရောက်ရှိ လာတာကို မောင်းထုတ် နေတာ တွေ့ ရပါတယ်။

မေးချင်တာကတော့ - ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက် သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်း ၀တ်ပြုခွင့် မပေးရ လောက်အောင် ပြည်သူပိုင် နေရာ မြေဒေသကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မောင်ပိုင် စီးထားရ သလား ဆိုတာပါ။

(ရွှေတိဂုံ မြတ်စေတီတော် အောင်မြေမှာ ၀တ်ပြု ဆုတောင်းခွင့် မရခဲ့တဲ့ ပြည်သူတစ်ဦး)။

source by : ကိုနစ်နေမန်း

0 comments: