စာပေ စီစစ်ရေး က ဒေါ်အောင်ဆန်း စုကြည် အိမ်သတင်းကို ဂျာနယ်များတွင် ပြန်လည် ဖေါ်ပြခိုင်း

ယူကွန် | မေလ ရ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ ဝင်ရောက်ခဲ့သည် ဆိုသော အစိုးရ အာဘော် သတင်းစာ များတွင် ဖေါ်ပြခဲ့သည့် သတင်းကို ဗဟန်း ၀င်္ကဘာလမ်းရှိ စာပေ စီစစ်ရေးက ယခု တစ်ပတ်ထုတ် ဂျာနယ်များတွင် ထပ်မံ ဖေါ်ပြခိုင်းသည် ဟု ရန်ကုန် စာနယ်ဇင်း သမား တစ်ဦး က Freedom News Group သို့ ပြောသည်။

ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမား သတင်းတွေ့ရစဉ်
ရေကူးသမား ဂျွန်ဝီလီယံ သတင်းနှင့်ပတ်သက်၍ “ စီစစ်ရေးက အတင်းအကျပ်တော့ မဟုတ်ဘူး ဒီအပတ် ဒီသတင်း ထည့်ဖို့ ပေါ်လစီ (မထည့် မနေရ အာဘော် ဆောင်းပါး) နဲ့ အတူတွဲ ကျလာတယ် လို့ ပြောတယ် ” ဟု စီစစ်ရေး ၀န်ထမ်း တစ်ဦး၏ အပြောကို စာနယ်ဇင်းသမား တစ်ဦးက ပြောသည်။

စာပေစီစစ်ရေးမှ ထည့်သွင်း ဖေါ်ပြခိုင်းသော အကြောင်းအရာ များကို ထည့်သွင်း ဖေါ်ပြခြင်း မရှိပါက ဂျာနယ်ကို အနည်းဆုံး တစ်လထိ ထုတ်ဝေခွင့် ရပ်ဆိုင်း နိုင်ပြီး ထုချေလွှာ တင်ရသည်။

ရန်ကုန်မြို့မှ အမျိုးသမီး သတင်းထောက် တစ်ဦးကမူ “ ကျွန်မတို့ က အန်တီစု သတင်းမို့ ထည့်ချင်ပေမယ့် သူတို့က ပရိုပါဂန်ဒါ ဆန်ဆန် Negative Point of View လုပ်ထားတော့ မထည့်ချင်ဘူး” ဟုပြောသည်။

ဂျာနယ်များတွင် ပြန်လည် ဖေါ်ပြရာတွင် ထင်မြင်ချက် ၊ သုံးသပ်ချက်များ ထပ်မံ မထည့်သွင်းရပဲ သတင်းစာတွင် ပါသည့် အတိုင်းသာ ဖေါ်ပြရမည် ဟု ညွှန်ကြား ထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form