တော်လှန်ရေးဖွင့်ရန် အထူး တိုက်တွန်းနိုးဆော်ချက်

ရဟန်းရှင် လူပြည်သူ အပေါင်းတို့ ခင်ဗျား -------

နအဖ စစ်မိစ္ဆာကောင်များသည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီး ချုပ်နှောင် ထားရုံတင်မက တစ်နိုင်ငံလုံးကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် ပြုမှု ဆောင်ရွက်လျှက် ရှိပေပြီ၊ စစ်ကျွန် သဘောက် အာဏာရှင် အောက်က လွတ်မြောက်ရေး အတွက် လူတိုင်း ပါဝင်သော လူထု တော်လှန်ရေး တစ်ရပ်ကို စတင် ဆင်နွဲဖို့ အချိန်ကျ ရောက်ပြီ ဖြစ်ပါသည်။

သို့ပါ၍ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် (၂၅.၀၅.၂၀၀၉)တနင်္လာနေ့မှ စတင်ကာ သန်းရွှေ စစ်မိစ္ဆာ ကောင်၏ ဓာတ်ပုံများကို မီးရှို့ခြင်း၊ အမှိုက်ပုံများ လမ်းများပေါ်တွင် စွန့်ပစ်ခြင်းများကို လှည်းနေ လှည်းအောင်း မြင်းစောင်း မကျန် တစ်နိုင်ငံလုံး ပြုလုပ် ပေးကြပါရန် အထူး တိုက်တွန်း နိုးဆော်လိုက်သည်။

တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့
ကျောင်းနံရံ တစ်ဝိုက်
ဒေါင်းအလံတွေ ပြန်စိုက်ကြမယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form