စစ်အုပ်စုရဲ့ မရိုးသားမှု...(ယဉ်ထွန်း)


ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အင်းလျားကန် အပေါ်စီး မြင်ကွင်း။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အနီရောင် စက်ဝိုင်း၊ အမေရိကန်နိုင်ငံသား အဖမ်းခံခဲ့ရသည်ဟု ဆိုသော နေရာကို လေးထောင့်ကွက်ဖြင့် ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို နိုင်ငံခြားသားတယောက် ရေကူးဝင်ရောက်သွား တယ်။ ပြီးတော့ ပြန်ထွက်အလာမှာ ဖမ်းဆီးရမိတယ် အဲ့ဒီနိုင်ငံခြားသားဟာ ဒေါ်စုနေအိမ်ထဲမှာ (၂) ရက် နေထိုင်ခဲ့တယ် စသညဖြင့်သတင်းတွေကို စစ်အစိုးရပိုင် သတင်းစာမှာ ဖေါ်ပြခဲ့တယ်။ ဒီသတင်းထွက်လာပြီးတော့ ဘလော့ စာမျက်နှာတွေက စီဘောက်တွေထဲမှာ IP ကိုစစ်လိုက် တော့ မြန်မာပြည်ထဲကပါ အဲ့ဒီလူတယောက်က အခုလို စီဘောက်တွေမှာ ရေးလာပါတယ်။

မိုးထက်မြင့်: အန်တီစု လွတ်ခါနည်းမှ နောက်တစ်မှု ထပ်ပေါ်လာတယ်။
8 May 09, 00:13
မိုးထက်မြင့်: အဲဒီနိုင်ငံခြားသားက CIA ကဖြစ်နိုင်တယ်။
8 May 09, 00:12
မိုးထက်မြင့်: အန်တီစု လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဗျ။
8 May 09, 00:12
မိုးထက်မြင့်: ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသားက ခိုးဝင်ပြီး ၂ ရက်တောင် နေခဲ့တာတဲ့။

ရုတ်တရက် သာမန်နိုင်သားတယောက်အနေနဲ့ ရိုးရိုးလေးကြည့်မယ်ဆိုရင် ဒေါ်စုလုံခြုံရေး အတွက် စိုးရိမ် သယောင်ယောင် စာတကြောင်း ကလွဲလို့ ကျန်တဲ့စာကြောင်းတွေက စံနစ်တကျ စိတ်ဓါတ် စစ်ဆင်ရေး လုပ်ထားတာပါ။ နှစ်ရက်တောင် နေခဲ့တယ် ဆိုတာဟာ စစ်အစိုးရသတင်း နဲ့ထပ်တူပါပဲ။ CIA က ဖြစ်နိုင်တယ် ဆိုတာ ဒေါ်စုဟာ CIA နဲ့အဆက်အသွယ်ရှိနေရှိနေ တယ်လို့ စွပ်စွဲတာပါ ဆိုလိုခြင်တာက နအဖ စစ်အုပ်စု သုံးသုံးနေတဲ့ ပြည်ပအားကိုးပုဆိန် ရိုးဆိုတာကို တဖက်လှည့်ပြောလိုက်တာပါ။ နိုင်ငံခြားသား တယောက် ခိုးဝင်ပြီး (၂)ရက်တောင် နေခဲ့တယ်ဆိုတာဟာ သတင်းကိုလိုသလိုပုံသွင်းထားတာပါ ဆိုလိုခြင်တာက လူထုခေါင်း ဆောင်အဖြစ် မြန်မာ ပြည်သူ လူထုကြီးက လေးစားတဲ့ ကမ္ဘာလေးစားတဲ့ ဒေါ်စုကို သေးသိမ်စေ အောင်၊ နိုင်ငံခြားသား တွေနဲ့ တရားမဝင် ဆက်သွယ်နေသယောင် တံဆိပ်ကပ်လိုက်တာပါ ဂုဏ်သိက္ခာချလိုက်တာပါ။ ဒေါ်စုလုံခြုံရေးအတွက်စိုးရိမ်ရတယ် ဆိုတာဟာ လိုအပ်လာရင် လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်ဆိုတာ မီးမောင်း ထိုးပြ နေတာပါ တကယ်တမ်း ဒေါ်စုကို လုပ်ကြံ သတ်ဖြတ်မှုကို လုပ်ခဲ့ဘူးတာဘယ်သူတွေလဲ ဒေါ်စုနဲ့ ဦးတင်ဦး တို့ ပါတဲ့ NLD ပါတီရဲ့ ခရီး သွားကားတန်းကို ၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေသက ကျည်ရွာ နားမှာ လုပ်ကြံ သတ်ဖြတ် ခဲ့ကြတာပါ ကံကောင်းလို့ ဒေါ်စုလုပ်ကြံသတ်ဖြတ်ခံရတဲ့ဘေးက သီသီကလေး လွတ်သွား ခဲ့တာပါ။ ဒါဘယ်သူတွေလုပ်တာလဲဆိုတာရှင်းနေတာပါပဲ ဒါဟာသမိုင်းမှာရှင်းရမဲ့ စစ်အုပ်စုရဲ့လုပ်ကြံမှု ကြီးပါ။ဒီတော့ ဒေါ်စုဟာ လုပ်ကြံခံရဘူး ပါတယ် NLD လူငယ်တွေနဲ့ အန်ကယ် ဦးတင်ဦးတို့ ရဲစွမ်း သတ္တိကြောင့်သာ သီသီကလေး လွတ်ခဲ့ရတာပါ။

နောက်ပထမဆုံးရေးထားတဲ့ အန်တီစုလွတ်ခါနီးမှ နောက်တမှု ထပ်ပေါ်လာရတယ် ဆိုတာဟာ နအဖ စစ်အုပ်စုရဲ့ စံနစ်တကျ အကောက်ကြံမှုလို့ တွေးမိပါတယ် ဆိုလိုချင်တာ ကတော့ ဒီပဲယင်းမှာ လုပ်ကြံခံရတဲ့ (အသက်ဘေးမှ သီသီကလေး လွတ်ခဲ့တဲ့) ဒေါ်စုကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ (၅)ျနှစ်ပြည့်တော့ ဥပဒေအရ ဆက်ချုပ်ခွင့်မရိဘူးဆိုတာ ရှင်းနေပါလျှက်နဲ့ စစ်အုပ်စုက ဆက်ချုပ်ပါတယ် ဒီပဲယင်း လုပ်ကြံမှု တရားခံတွေကို စစ်အုပ်စု ဒီကနေ့အထိ လုံဝ မဖေါ်ထုတ်သေးပါဘူး။ ဒါပေမဲ့ လုပ်ကြံခံရတဲ့ ဒေါ်စုကိုတော့ သူတို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့တောင် မညီပဲ ဆက်လက် ချုပ်ထားဘို့ (၁) နှစ် ထပ်တိုးလိုက်တာ အားလုံး အသိပါ။အခု ဒီိသတင်း ထွက်လာချိန်ဟာ ဒေါ်စုနေအိမ် အကျယ်ချုပ် (၆) နှစ်ပြည့်ခါနီးမှာ ဖြစ်လာတာပါ။ စစ်အုပ်စုဟာ ဒေါ်စုအပေါ်မှာ အင်မတန်အညှိုးကြီးတယ်ဆိုတာ သိသာမြင်သာ တဲ့အချက်ပါ။ နအဖ စစ်အုပ်စုဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေငြာထား တာပါ။ ဒါပေမဲ့ ကမ္ဘာက တောင်းဆိုနေတဲ့ ဒေါ်စုနဲ့ နိုင်ငံရေး အကျည်းသားတွေ လွှတ်ရေး ဆိုတာကြီးက သူတို့ အတွက် အင်မတန် အကြပ်ရိုက်နေရတဲ့ ကိစ္စပါ။ NLD ပါတီ ကလည်း ဒီအချက်ကို နအဖကို တရားဝင် တောင်းဆိုထားတာပါ။ ပြည်သူ လူထုကြီးကလဲ မတရားဖမ်းဆီး ထားတာကို လူတိုင်းသိပါတယ် ဒါကြောင့် ဒီသတင်းမှာ စစ်အုပ်စုရဲ့ ကြိုတင်လုပ်ကြံမှုတွေ ပါတယ်ဆိုတာ ထင်ရှားနေတာပါပဲ။

အင်မတန်ရှုပ်ထွေးတဲ့ သတင်း တခုဖြစ်အောင်လဲ လုပ်ထားတာပါ အဖမ်းခံရတဲ့ နိုင်ငံခြားသား ဟာ အမေရိကန် နိုင်သားလို့ ပြောတယ် သတင်းမှာ ဓါတ်ပုံတောင်မဖေါ်ပြပါဘူး နောက်တခုက သက်ဆိုင်ရာသံရုံးက တွေ့ခွင့်တောင်းတော့လဲ တွေ့ခွင့်မပေးဘူး ဒီအချက်တွေက စဉ်စား စရာတွေပါ။ နောက်ဆုံး ကျန်းမာရေး မကောင်းတဲ့ ဒေါ်စုကို သွားရောက် ဆေးကုပေးနေတဲ့ ဆရာဝန်ကို ဘာအကြောင်းပြချက်မှ မရှိပဲ ဖမ်းထားတဲ့ ကိစ္စပါ။ စစ်အုပ်စုဟာ သမိုင်းမှာရှင်းရမဲ့ကိစ္စ တခုကို ထပ်မံကျူးလွန်နေတာပါပဲ။ လုပ်ထားတာက ဒေါ်စုအိမ်ဟာ မလုံခြုံသယောင် လုပ်ထားပါတယ် ဒီလို မလုံခြုံမှုဟာ စစ်အစိုးရမှာလုံးလုံး တာဝန်ရှိပါတယ်။ တခြား မည်သူ့မှာမှ တာဝန် မရှိပါဘူး ဒေါ်စုရဲ့ အသက် အန္တရာယ် အတွက် တိုက်ရိုက် တာဝန်ရှိသူဟာ စစ်အစိုးရပဲဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုပြောနေရသလဲဆိုတော့ မြန်မာပြည်နိုင်ငံရေးမှာ တကယ့်ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ် တော်တော် များများဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြရတာပါ ဒီလို နိုင်ငံရေးသမားတွေကို ထောင်ထဲ ထည့်ထားပြီးလုပ်မဲ့ ရွေးကောက်ပွဲ ဆိုတာကြီးကိုက နိုင်ငံတ ကာနဲ့ ပြည်သူလူထုကြီးရဲ့ အမြင်မှာ အင်မတန်မှ အကျည်းတန်အရုပ်ဆိုးနေတာပါ။ တလျောက်လုံးလဲ လိမ်လည်လာခဲ့တာပါ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက အာဏာအပ် ပါ့မယ် စစ်တန်းလျားပြန်ပါ့မယ်ဆိုတဲ့ စစ်အုပ်စုဟာ ဒီကနေ့ အထိ အာဏာကို မတရား ရယူ ထားတာ ရှင်းနေတာပါပဲ။ ဒီတော့ စစ်အုပ်စု လုပ်ပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘယ်လောက် ယုံကြည်စရာရှိမှာလဲ အခြေခံဥပဒေကို စိတ်ကြိုက်သူတို့ ရေးတယ် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ညီလာခံ ဆိုတာကြီး လုပ်တယ် ရေးပြီးသားတွေကို ဆွေးနွေးအတည်ပြုခိုင်းတာတောင်မှ စိတ်ကြိုက်ခေါင်းခေါက်ဖိတ်တဲ့ ကိုယ်စားလှယ် တွေနဲ့ လုပ်သွားခဲ့တာပါ ဒီမှာတောင် အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက တင်တဲ့ အချက်တွေတောင် ချောင်ထိုးခံ ခဲ့ကြရတာပါ။ ဒါပေမဲ့ NLD ပါတီဝင်တွေနဲ့ အတိုက်အခံတွေကိုတော့ မှန်မှန်ခြေမှုန်းပါတယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာဆို ရဟန်း သံယာတွေကိုတောင် အညှိုးတကြီး ရက်စက် ခဲ့တာပါ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာ ရန်သူ့ စခန်းစီးသလို ဝင်ရောက် စီးနင်း ဘုန်းတော်ကြီးတွေကို ဖမ်း၊ ရိုက်၊ ထောင်ချ မျိုးစုံလုပ်ခဲ့တာ သိပ်မကြာ သေးပါဘူး အားလုံး ပူပူနွေးနွေးကြီး မှတ်မိ နေကြတာပါပဲ။ စစ်အုပ်စုဟာ ၂၀၁၀ မှာရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာတာဟာ ရှင်းရှင်းလေး ပြောရရင် စစ်အုပ်အုပ်ချုပ်ရေးကို အရပ်သား ပုံစံပြောင်းပစ်ချင်တဲ့ စစ်အုပ်စုတဖြစ်လဲအုပ်ချုပ်ရေး လုပ်ခြင်တာပါ။ ဒီမှာသူတို့ အတွက် အဓိက အနှောက်အယှက် လိုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျည်းသား တွေပါ ပြန်လွတ်ပေးဘို့ စစ်အုပ်စု အင်မတန်ကြောက်နေတာပါ ပြန်လွတ်ပေးရင် လူထု ခေါင်းဆောင် ကျောင်းသား ခေါင်းဆောင်တွေဆိုတော့ လူထုကြီးနဲ့ ပြန်ဆက်စပ်သွားမှာ စစ်အုပ်စု အကြောက်ဆုံးပါ။

ကိုမင်းကိုနိုင်တို့(၈၈)ကျောင်းသားအုပ်စုတွေကို ပြန်လွတ်ပေးလိုက်တုန်းက စစ်အုပ်စုမှာ ရည်ရွယ်ချက်ရှိပါတယ် ပြန်လွတ်ပေးလိုက်ရင် NLD ပါတီနဲ့ ကျောင်းသားတွေကြားမှာ ပြသာနာ ကြီးထွားနိုင်တယ်လို့ တွက်တာပါ ဒီတော့မှအမြတ်ထုတ်ဘို့ပါ ဒါပေမဲ့ ထင်တိုင်း ဖြစ်မလာပဲ စစ်အုပ်စု ကြုံလိုက်ရတာတော့ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်သွားခဲ့ရတာကိုး ဒီတော့အညှိုးတကြီး ထောင်တွေချပါတယ် လူကြား မကောင်းအောင်ကို ချတာပါ အားလုံးသိပြီးသားတွေပါ ဒီတော့ တလျောက်လုံး ညစ်ပတ်ခဲ့တာစစ်အုပ်စုဆိုတာ ထင်ရှားနေတာပါ အာဏာ အတွက်ဆို ရက်ရက်စက်စက် လုပ်တတ်တဲ့ စစ်အုပ်စုဟာ နောက်ဆုံး ဘာမဆို လုပ်နိုင်ပါတယ် ဒီတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မြန်မာ နိုင်ငံသားတိုင်း စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို မျက်ခြေမပြတ် ရှိနေကြဘို့ လိုပါတယ်။

ယဉ်ထွန်း

ဦးဂင်ကြီး ဆီမှ ရယူ မျှဝေပါသည်။

4 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form