ဒေါ်စု အိမ်ဝင်ရောက်သည့် ဗီယက်နမ် စစ်ပြန်နှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်


ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းရှိလုံခြုံရေးများ ဓာတ်ပုံ-AFP
တင်ကျော်ကျော်စိုး | ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခိုးဝင်သည် ဆိုသည့် အသက် ၅၃ နှစ် အရွယ်ရှိ ရေကူးသမား ဗီယက်နမ် စစ်ပြန် Mr .John Willam Yettaw နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် တော့မည်ဟု ပြန်ကြားရေးသတင်း ရပ်ကွက်ကို ကိုးကားပြီး ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်နေသည်။

စစ်ထောက်လှမ်းရေး၏ စစ်ဆေးမေးမြန်း ခံနေရသည့် Mr.John William Yettaw ၏ စစ်ဆေးချက်နှင့် ပတ်သက်ပြီး စစ်အစိုးရ လိုလားသည့် သာကီနွယ် ဘလော့ဂ် တွင် ဖေါ်ပြထားမှုများ ပါရှိလာသည်။ သာကီနွယ် ဘလော့ဂ် တွင် နိုင်ငံခြားသားမှာ ယခင် အခေါက်ကတည်း ဒေါ်စုအိမ်သို့ ယခုလိုပင် ၀င်ရောက်ခဲ့ဖူးသည်ဟု ဖေါ်ပြထားသည်။

စစ်အစိုးရလိုလားသည့် အင်တာနက် ဘလောက် စာမျက်နှာများတွင် ဒေါ်အောင်ဆန်း စုကြည်၏ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်၍ တိုက်ခိုက် မှုများရှိလာပြီး အဖြစ်မှန်ကိုမူ စစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲထက် Mr.John William Yettaw ပြန်လွတ်လာမှ သဲသဲကွဲကွဲ သိနိုင်မည်ဟု ရန်ကုန် အခြေစိုက် စာနယ်ဇင်းသမား တစ်ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သည့် အမေရိကန် ပတ်(စ)ပို့ ကိုင်ဆောင်ထားသူအား ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တွေ့ခွင့် တောင်းရာ စစ်အစိုးရမှ အကြောင်းမပြန်ဟု သိရသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form