မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ ကြေငြာချက်

၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈၊ ၂၉ ရက်နေ့များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲဥန ကိုယ်စား လှယ်များသည် နိုင်ငံရေး၊ စီးပွားရေး စသည့် အခြေအနေ အရပ်ရပ်တို့ကို တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ရွှေဂုံတိုင် ကြေညာစာတမ်းကို ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ထိုရွှေဂုံတိုင်ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံနှင့် ပြည်သူလူထု အကျိုးကို ရှေးရှူ၍ မြန်မာနိုင်ငံ၏ လက်ငင်း ကြုံတွေ့ နေရသော နိုင်ငံရေး ပြဿနာ များကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ရန် အောက်ပါအတိုင်း ရပ်တည် သွားမည်ဟု ဖေါ်ပြထားသည်။
  • (က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး
  • (ခ) ဖွဲ့စည်းပုံ ဥပဒေ (၂ဝဝ၈) ပြန်လည်သုံးသပ်ရေး
  • (ဂ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်/တိုင်းစည်းရုံးရေးအဖွဲ့ရုံးများ၊ မြို့နယ် စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများကို အမြန်ဆုံးဖွင့်ပေးရေး
  • (ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရေး
  • (င) တွေ့ဆုံ ဆွေးနွေးရေး
  • (စ) နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲဆိုင်ရာသဘောထားနှင့် ပတ်သက်၍
  • ၁။ အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်
  • ၂။ ၂ဝဝ၈ ခုနှစ် ဖွဲဥနစည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်
  • ၃။ အားလုံးလွှမ်းခြုံ ပါဝင်နိုင်မည့် လွတ်လတ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမကို ခွင့်ပေးလျက် ကျင်းပမည်ဆိုလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး ရည်မျှော်၍ ပေါ်ပေါက်လာမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော ဥပဒေတို့ကိုလေ့လာပြီး အထူးကိစ္စ တရပ် အနေဖြင့် အလေးထား စဉ်းစား၍ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း ရွှေဂုံတိုင် ကြေညာ စာတမ်းတွင် အလေးအနက် ထုတ်ပြန်ကြေညာထားပါသည်။ တပြိုင်နက်တည်းတွင် လက်တွေ့ကျသော၊ ယနေ့ကာလ တိုက်ပွဲ လိုအပ်ချက် နှင့် ကိုက်ညီသော လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက် (၅) ချက်ကိုလည်း အခိုင်အမာ ချမှတ် ခဲ့ကြသည်။ ရွှေဂုံတိုင် ကြေညာ စာတမ်းပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး ရပ်တည်ချက် သဘောထား များနှင့် လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ် ချက်များသည် ယနေ့မြန်မာပြည်နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် လုပ်ဆောင်ရမည့် အမှန်အကန်ဆုံးနှင့် နည်းလမ်းအကျဆုံး လက်တွေ့ လုပ်ငန်းစဉ်များ ဖြစ်သည်ဟု မိမိတို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ လေးလေးနက်နက် ယုံကြည်သည်။ ထိုနိုင်ငံရေး ရပ်တည်ချက် များသည် မြန်မာ ပြည်သူ တရပ်လုံးနှင့်အတူ ဒီမိုကရေစီ အင်အားစုများ အားလုံးဝန်းရံထောက်ခံ အကောင်အထည် ဖေါ်နိုင်သည့် လက်တွေ့ကျသည့် လုပ်ငန်းစဉ်များ ဖြစ်သည်ဟု မိမိတို့မှ ယုံကြည်ပါသည်။ မြန်မာ့ ဒီမိုကရေစီရေး ပြဿနာ၏ အဖြေမှန်များ ဖြစ်သော ရွှေဂုံတိုင် ကြေညာ စာတမ်းပါ ရပ်တည်ချက်များ အတိုင်း ပူးပေါင်း အကောင်အထည် ဖေါ်ခြင်း မရှိသည့် အပြင် မှန်ကန်သည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် ရပ်တည်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်မကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ချိနဲ့သွားအောင် ထိုးနှက်နေသည့် လုပ်ရပ်များသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုသာမက မြန်မာ ပြည်သူ တရပ်လုံး၏ အကျိုးစီးပွားနှင့် ဆန့်ကျင်လျက်ရှိသည်ဟု မိမိတို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ ကြည့်မြင်သည်။ ယခုကဲ့သို့ စုံညီ အစည်းအဝေးမျိုးတွင် ခေါင်းဆောင်မှု အပေါ် ဝေဖန်ခြင်း၊ ခေါင်းဆောင်မှု ပြောင်းလဲပေးရန် တောင်းဆိုခြင်းများသည် ပါတီတွင်း ဒီမိုကရေစီ အရ တောင်းဆို ခွင့်ရှိသည် မှန်သော်လည်း ယခုလို မိုးထဲ လေထဲ ကာလမျိုးတွင် ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ပြီး ခေါင်းဆောင်မှုကို အားကောင်း သထက်ကောင်းရန် ဝန်းရံ ထောက်ခံ ပေးကြရမည့် ကာလဖြစ်သည့် အတွက် တင်ပြ တောင်းဆို သူများသို့ မိမိတို့ အင်အားစုမှ ပြန်လည် စဉ်းစားရန် အလေးအနက် အကြံပေး အပ်ပါသည်။ စစ်အစိုးရ အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းပါ အချက်များကို ပူးပေါင်း အကောင်အထည် ဖေါ်ခြင်းမရှိဘဲ လမ်းပြမြေပုံ အတိုင်း ငါ့လှေ ငါ့ထိုး၊ ငါ့မြင်း ငါစိုင်း စစ်အာဏာရှင် စနစ် တရားဝင် ရေရှည် တည်တံရေး အတွက်သာ ၂ဝ၁ဝ ရွေးကောက်ပွဲကို မိမိတို့အလိုကျ တဖက်သတ် ဆက်လက် လုပ်ဆောင် သွားမည် ဆိုလျှင် မြန်မာပြည် အနာဂတ်တွင် ဆက်လက် ပေါ်ပေါက် လာမည့် ဆိုးကျိုးများသည် စစ်အုပ်စု၏ မှားယွင်းသော၊ ပြည်သူလူထု အကျိုးကို မငှဲ့ကွက်သော လုပ်ဆောင်ချက် များကြောင့်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ အသိပေး ကြေညာသည်။
ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ လက်တွေ့ကျပြီး ခိုင်မာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး ရပ်တည်ချက်များကို ပြတ်ပြတ် သားသား ထောက်ခံကြောင်း နှင့် တိုင်းပြည် အကျိုးနှင့် ဒီမိုကရေစီ လိုလားသူတိုင်း အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတူ ရွှေဂုံတိုင် ကြေညာစာတမ်းပါ ရပ်တည်ချက်များ အတိုင်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ထပ်မံ ပန်ကြား တိုက်တွန်းရင်း မိမိတို့ အင်အားစု၏ သဘောထားကို ထုတ်ပြန် ကြေညာလိုက်ပါသည်။


မူဝါဒရေးရာ ဦးဆောင်အဖွဲ့
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
၂ဝဝ၉ ခုနှစ်၊ မေလ (၂) ရက်

ဆက်သွယ်ရန် ။ ။ ကိုနိုင်အောင် (+၆၆) ဝ၈၁ ၈၈၃ ၇၂၃ဝ
ကိုကျော်ထက် (+၆၆) ဝ၈၆ ၂ဝ၃ ဝ၅ဝ၂
ကိုငွေလင်း (+၆၆) ဝ၈၁ ၄၇၅ ၉၂၂၃

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form