ဝက်တုပ်ကွေး ရောဂါ သတင်းကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် တပ်ရင်း တပ်ဖွဲ့ပိုင် ၀က်များထုတ်ရောင်း

ယူကွန် | မက္ကဆီနိုင်ငံတွင် ဖြစ်ပွားနေသော ၀က်တုပ်ကွေးကြောင့် လူရာ နှင့်ချီသေ ဆုံးပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစည်း (WHO) က ၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ အရေးပေါ်အခြေအနေ ကြေညာ ထားချိန်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် မှ မွေးမြူထားသော လေးဒေါင့်ကန် ၀က်မွေးမြူရေး စခန်းမှ ၀က်ကောင်ရေ တစ်ရာကျော် ခန့်ကို ယနေ့ ထုတ်ရောင်းချသည်ဟု သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ၀က်မွေးမြူရေး စခန်းများတွင် ၀က်မွေးခြံများ တစ်ရာထက် မနည်းရှိပြီး ရန်ကုန်၊ မှော်ဘီနှင့် တွံတေး တို့တွင်အများဆုံး ဖြစ်သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ရောင်းချထားသော ၀က်များကြောင့် ဆင်မလိုက် ၀က်သတ်ရုံတွင် ၀က်များ စုပုံရောက် ရှိနေသည်။အစိုးရ သတင်းစာများတွင် ၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ သတိပေးချက် ထုတ်ထားသော်လည်း ဈေးများတွင်ရောင်းချသော ၀က်သားဈေးမှ ကျဆင်းသွားခြင်း မရှိချေ။

ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် မြင့်ဆွေ ပိုင်ဆိုင်သော ကြက်ခြံများမှာ ကြက်တုပ်ကွေး ရောဂါဖြစ်ပွားစဉ် က အရှုံးပေါ် ခဲ့သည်။

တိုင်းမှုး ဗိုလ်မှုးချုပ် လှဌေးဝင်း လက်ထက်တွင် ၀က်မွေးမြူရေး စခန်းများကို တိုးချဲ့ ဆောက်လုပ်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ယခု ၀က်တုပ်ကွေး ရောဂါဖြစ်ပွားနေချိန်တွင် အရှုံးမပေါ်ရန် အတွက် အရွယ်ရောက် ၀က်များကို ရောင်းချရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ဝက်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အသိပညာပေး အစီအစဉ်များနှင့် ကြိုတင် ကာကွယ်ရေး အစီအစဉ် များကို ကျေးရွာများထိ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေပြီ ဖြစ်သော်လည်း မြန်မာအစိုးရ၏ ၀က်တုပ်ကွေးနှင့် ပတ်သက်၍ အင်တိုက် အားတိုက် ပြုလုပ်ခြင်း မရှိသေးဟု ရန်ကုန်မြို့ခံများက ပြောသည်။

source by : Freedoom News Group

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form