ဧရာဝတီတိုင်းတွင်း ခရီးသွားလာရေး ကန့်သတ်မှု ပြန်လည်တိုးမြှင့်

ဟိန်းခိုင်ထွန်း | နာဂစ် မုန်တိုင်းကြောင့် လူတစ်သိန်းကျော် သေဆုံးခဲ့သော တစ်နှစ်ပတ်လည် ပြည့်ရန် ရက်ပိုင်း မျှသာ အလိုတွင် ဧရာဝတီတိုင်း အတွင်းသို့ နိုင်ငံခြားသား အပါအ၀င် ခရီးသွားလာသူများကို ကန့်သတ် စစ်မေးမှု များပိုမို တင်းကျပ်လာသည် ဟု သိရသည်။

စစ်ဆေး မေးမြန်းမှုများကြောင့် အချိန်ကြန့်ကြာ နေသော ကုလသမဂ္ဂ ကားတစ်စီး ဓာတ်ပုံ- ဟိန်းခိုင်ထွန်း
ဧရာဝတီတိုင်းသို့ ၀င်ရောက်သည့် လမ်းများ အနက် ရန်ကုန်မှ အဓိက ၀င်ရောက် နိုင်သည့် ညောင်တုန်းရှိ ဗိုလ်မြတ်ထွန်း တံတား အနီးရှိ အသစ်ဖွင့်ထားသော စစ်ဆေးရေးဂိတ်၊ မအူပင် တံတားအနီး အ၀င်လမ်းရှိ စစ်ဆေးရေးဂိတ် နှင့် မဲဇလီ တံတား တို့တွင် ခရီးသွားလာ သူများကို သင်္ကြန်အပြီးမှ စ၍ တင်းတင်းကျပ်ကျပ် စစ်မေးလျှက် ရှိသည်။

ဧရာဝတီတိုင်းသို့ ခရီးသွားလာမှုများ ထိုသို့  တင်းကျပ် လာမှုမှာ ယခင်အပတ် က မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ များသို့ ၀င်ရောက် တိုက်ခတ်ခဲ့သည့် ဘီဂျလီ မုန်တိုင်း ပြီးနောက် စစ်ဆေးမှုများပိုမို တင်းကျပ် လာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဖွံ့ ဖြိုးမှု ဧဂျင်စီတစ်ခု မှ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။

လတ်တလော အချိန်သည် မုန်တိုင်းကာလဖြစ်သောကြောင့် ဧရာဝတီတိုင်း မြို့နယ်များသို့ ခရီးသွားလာခွင့် ကန်သတ်ခြင်း ဖြစ်နိုင်သည် ဟု ဘီဒူး တွင် တာဝန်ထမ်းဆောင် နေသော ဆရာဝန် တစ်ဦးကပြောသည်။

ကုလသမဂ္ဂ ၀န်ထမ်းတစ်ဦး က “ညောင် တုန်းတံတားအ၀င် မှာ ဆို စစ်ဆေးရေး ဂိတ်က နှစ်ဂိတ်၊ ပုံမှန်ဂိတ် နဲ့ အထူးဂိတ် ၊အထူးဂိတ် က အဖွဲ့စုံ ထောက်လှမ်းရေး၊ စ' သုံးလုံး အစုံပါတယ် အဓိက နိုင်ငံခြားသားတွေနဲ့ သူတို့ မင်္သကာသူဆိုရင် သေသေချာချာစစ်တယ်။ တချို့ နိုင်ငံခြားသားတွေလှည့်ပြန် ရတာ ရှိတယ်” ဟု သူ့အတွေ့အကြုံကို ပြောသည်။

အထက် ၏ ညွန်ကြားချက် အရဆိုကာ ထိုကဲ့သို့ စစ်ဆေးရေး ဂိတ်များမှာ သေသေချာချာ စစ်ဆေး နေမှုကြောင့် ကားတန်း များမှာ မလိုအပ်ပဲ ကြန့်ကြာမှုများ ဖြစ်ပေါ်လျှက် ရှိနေသည် ဟုသိရသည်။

ပြည်တွင်း NGO တစ်ခုမှ ဆရာဝန် တစ်ဦးက လည်း “ကျွန်တော် တို့ ကားက မုန်တိုင်းတိုက်ရင် ချက်ချင်း ဆောက်နိုင်တဲ့ ရွက်ထည်တဲတွေ နဲ့ အစာခြောက် တွေကို အရေးပေါ် သယ်လာတာ ညောင်တုန်း ၀င်တော့ နှစ်နာရီ လောက်ကြာသွားတယ် ။ နောက်တစ်ဂိတ်မှာ တစ်နာရီ ဒီကို လာကူညီမယ့် သူတွေ အားလုံးပြန်ပြေး ချင်အောင် လုပ်နေကြတာ ဟုပြောသည်။

မြန်မာ စစ်အစိုးရမှာ နိုင်ငံ အတွင်း အရေးပေါ် ကိစ္စများ ပေါ်ပေါက်လာပါက ထိုနေရာများကို ပြင်ပကမ္ဘာ နှင့် ဖြတ်တောက် ပိတ်ဆို့၍ သတင်း အမှောင်ချသည့် စနစ်ကိုကျင့်သုံးသည်။

မနှစ် က နာဂစ် ဒုက္ခ သည်များအား သွားရောက် ကူညီသော ဗကသ ကျောင်းသား အဖွဲ့ မှာ ထိုသို့ စစ်ဆေး ရေးဂိတ်တွင် စစ်ဆေး မေးမြန်းခံရရာ မှ မြေအောက် လှုပ်ရှားမှု ကျောင်းသားများဖြစ်မှန်း သိသွားပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form