အင်တာနက်ကဖေးဆိုင်များ ပိုမိုဖွင့်လှစ်ခွင့်ပေးမည်

ပလက်နက် | မြန်မာတယ်လီပို့က နိုင်ငံအတွင်း အများပြည်သူ အသုံးပြုနိုင်မည့် Public Access Centers (PAC) များ ပိုမိုဖွင့်လှစ်နိုင်ရန် ဆောင်ရွက် ပေးသွား တော့မည် ဖြစ်သည်။ မြန်မာ Info-tech၏ အဆိုအရ ဆက်သွယ်ရေး နည်းပညာ ပိုမိုတိုးတက် ကောင်းမွန် လာစေရေး အတွက် ယခုကဲ့သို့ ခွင့်ပြုပေးခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံအတွင်း အင်တာနက်ဆိုင် အများစုသည် ရန်ကုန်မြို့တော် တွင်သာ တည်ရှိနေပြီး နယ်ပိုင်းနှင့် မြို့စွန်ဒေသများ၊ အခြားသော ပြည်နယ်နှင့် တိုင်းများတွင် နည်းပါးနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက် ၀န်ဆောင်မှု အဖွဲ့ကြီး၏အဆိုအရ အဆိုပါ ဒေသများတွင်ပါ အင်တာနက်ဆိုင်များ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း ကူညီသွားမည်ဟု သိရသည်။

Info-techမှ စာရင်းများတွင် (၂၀၀၃)ခုနှစ်တွင် နိုင်ငံအတွင်း အင်တာနက်ဆိုင် အခု(၂၀)သာ ရှိခဲ့သော်လည်း ပြီးခဲ့သော (၃)နှစ်အတွင်း မြို့နယ်ပေါင်း (၄၄)မြို့နယ်တွင် အင်တာနက်ဆိုင် (၄၆၃)ခုအထိ တိုးပွားလာခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် ရန်ကုန်တွင် (၃၅၅)ခု၊ မန္တလေးတွင် (၁၅)ခုနှင့် အခြားသော မြို့နယ်များ အားလုံးတွင် (၉၃)ခုရှိသည်။ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများက အနာဂတ်ကာလတွင် နိုင်ငံတွင်း မြို့နယ်တိုင်း အင်တာနက်ဆက်ကြောင်းများ ဖြန့်ကျက် ပေးထားနိုင်ရန် ရည်ရွယ်ထားသည်။ ဆက်သွယ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ အဆိုအရ ပြီးခဲ့သော (၄)နှစ်တာကာလအတွင်း မြန်မာ နိုင်ငံ၏ အင်တာနက်သုံးစွဲသူ ဦးရေသည် သုံးသိန်းကျော်အထိ များပြားလာကြောင်း သိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/12321

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form