ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး

တင်ကျော်ကျော်စိုး | နိုင်ငံရေး အကျဉ်းသားတွေကို မောက်မာရိုင်းပျစွာ ဆက်ဆံလေ့ ရှိသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ပိုင် က သောကြာနေ့ မှစပြီး မုန်တိုင်း သတင်းကြောင့် တစ်ထောင်လုံးကို လုံခြုံရေး တင်းကျပ် ထားသည်ဟု သိရသည်။ ထောင်ပိုင်က မုန်တိုင်းကျချိန် ငြိမ်သက်မှု မရှိလျှင် အစောင့်များအား ပစ်မိန့်ပေးထားသည် ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ အပြင် အခြားအကျဉ်းသားများ အား ၎င်းတို့ နေ ထိုင်ရာ အဆောင်နှင့် တိုက်များမှ လုံးဝထွက်ခွင့် မပေးဟု သိရှိရသည်။ မောင်တော မြို့နယ် မှ ထောင်ဝင်စာ သွားတွေ့သူတစ်ဦးက “အဒေါ်သား နဲ့ လုံးဝ ထောင် ၀င်စာတွေ့ခွင့် မပေးဘူး ထောင်ပိုင် အမိန့်လို့ပြောတယ်” ဟု Freedom News Group သို့ ပြောသည်။

ဘူးသီးတောင် ထောင်မှာ ထောင်ကျ အကျဉ်းသားများကို အဓမ္မလုပ်အားပေးစေခိုင်းရာတွင် နာမည် ကြီးသော ထောင်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများကို လည်း စကားပြောခွင့် မပေး ခြင်းတိုက် ပိတ်ထားခြင်းများ ပြုလုပ်သည်။

ဘူးသီးတောင် ထောင် တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကို ဌေးကြွယ်နှင့် တောင်ကုတ်မြို့ မှ နိုင်ငံရေး လှုပ်ရှားသူ ကိုမိုးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်းသား သုံးဆယ်နီးပါးရှိသည်။

မနှစ်က ဆိုင်ကလုန်းနာဂစ် မုန်တိုင်း တိုက်ခတ်ချိန် အစောင့် များက ချမ်း၍ မီးလှုံနေသော အကျဉ်းသားများအား ပစ်ခတ်မှုကြောင့် အင်းစိန်ထောင် တွင် အကျဉ်းသား သုံးဆယ်ကျော် သေဆုံးခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form