၂၀၀၉ သင်္ကြန်ကာလ ထိခိုက်သေဆုံးမှု

ပလက်နက် | (၂၀၀၉)ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွင်း ထိခိုက်မှုများကြောင့် (၄)ဦးသေပြီး (၁၀၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများအနက် (၃)ဦးမှာ ယာဉ်မတော်တဆမှု များကြောင့် ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှ (၅၈)ဦးတို့မှာ ခိုက်ရန် ဖြစ်ပွားမှု များကြောင့်ဖြစ်သည်။ ပွဲတော်ရက် (၄)ရက်အတွင်း သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ခဲ့ရသော အမှုအခင်း (၆၀)ဖြစ်ပွားပြီး ယာဉ်တိုက်မှု (၁၄)ခုနှင့် ခိုက်ရန်ဖြစ်ပွားမှု (၃၇)ခုတို့ ပါဝင်ကြောင်းလည်း သိရသည်။
(မန္တလေးသင်္ကြန်မြင်ကွင်း)
ယခုနှစ်သင်္ကြန်ကာလတွင် သေဆုံးသူ (၄)ဦးရှိခဲ့သည့်တိုင် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လူသေပျောက်မှုနှုန်း သိသိသာသာ လျော့နည်းသွားသည်ဟုလည်း တာဝန်ရှိသူများက ဆိုသည်။ မြန်မာအာဏာပိုင်များအနေနှင့် ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံကာ မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ရေကစားကြရန် ထိန်းသိမ်းကြတ်မတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လည်း ယခုနှစ် သင်္ကြန်ကာလ အတွင်း ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအရေအတွက် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

Source: XinhuaNet

Photo: NyiMinnSan

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form