ဝမ်းရောဂါကြောင့် ရန်ကုန်တွင် သရက်သီး၊ မုန့်ဟင်းခါး မစားရ အမိန့်ထုတ်


သရက်သီးရောင်းချသူ များအရှုံးပေါ်သည့် နှစ် ဓာတ်ပုံ-R ALERT
ညွှန့်သက်ထားဦး | ၀မ်းပျက် ၀မ်းလျှော ရောဂါကြောင့် လူအသေ အပျောက် ရှိခဲ့သော မြို့တော်ဟောင်း ရန်ကုန်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် စည်ပင် တို့ပူးပေါင်းပြီး ၀မ်းနူးစေသော သစ်သီးဝလံ နှင့် စားသောက် ဖွယ်ရာ များရောင်းချခြင်း မပြုရဟု ယနေ့ မနက် အစောပိုင်းကတည်း က စည်ပင် နှင့် စစ်ကားများ ပေါ်တွင် အသံချဲ့စက်များတင်၍ လိုက်လံ ကြေညာနေသည်။

ဝမ်းပျက်၊ ၀မ်းလျှောရောဂါ နှင့် ပတ်သက်၍ အစိုးရက သတင်းလည်း မထုတ်ပြန်သလို လိုအပ်သည့် ဆေးဝါး စောင့်ရှောက်မှုများ စီမံပေးမှု မရှိသေးချေ။ ယနေ့မနက် အစောပိုင်းက မြောက်ဥက္ကလာပ ဈ ဈေး အနီးတွင် စည်ပင်ကားများဖြင့် သရက်သီး၊ နာနတ်သီး၊ ကနစိုသီး စသည့် အသီးအနှံများကို ရှောင်ကြည်ရန်နှင့် မုန့်ဟင်းခါး ၊အသုတ်၊ သရက်ချဉ် ၊ ချဉ်ဖတ်စသည့် စားစရာများကိုလည်း ရောင်းဝယ် ဖောက်ကားခြင်း နှင့် ရောင်းချ စားသောက်ခြင်း မပြုရန် တားမြစ် ကြေညာ သွားသည်။

ဝမ်းရောဂါ စတင်ဖြစ်ပွားသော ဒေါပုံတွင် သရက်သီးနှင့် မုန့်ဟင်းခါး ရောင်းချလျှင် စည်ပင်က သိမ်းပြီး ရဲက ဖမ်းဆီး၍ အချုပ်ထဲ ထည့်သည်။

ဒေါပုံ ၀ါဆိုလမ်းရှိ မုန့်ဟင်းခါး ဆိုင်တစ်ဆိုင်ကို စည်ပင်ရဲက ၀င်စီးရာမှ မနေ့က ရုံးသွားခါနီး မုန့်ဟင်းခါး စားနေသူများနှင့် ပြဿနာ ဖြစ်ပွားသည်။

မြောက်ဥက္ကလာ ခြောက်ကွေ့ရှိ သရက်သီး ရောင်းချသူတစ်ဦး က “မနှစ်က နာဂစ်မွှေသွားလို့ ဒီတစ်နွေ အပြတ်ချ လိုက်မယ်လို့ အားခဲပြီး ငါးသိန်းလောက် ရင်းထားတာ အခုဆိုင်တောင် မဖွင့်ရဲဘူး”ဟု ညည်းတွားသည်။

ဒဂုံမြို့သစ်ကူး ကြိုးတံတား အနီးတွင် မုန့်ဟင်းခါး ရောင်းသူ မစန်းဌေးက မူ “ကလေးတွေ ကျောင်းအပ်ရ တော့မယ့် အချိန်နီးလာပြီ မုန့်ဟင်းခါး မရောင်းရရင် ကျောင်းအပ်ဖို့ ပိုက်ဆံမရှိတော့ဘူး ဟုပြောသည်။

ဝမ်းရောဂါ မှာ ယခု လဆန်းပိုင်း ကတည်းက သာကေတ မြို့နယ်တွင် စတင်ဖြစ်ပွားပြီး ယခုအခါ သန်လျှင်၊ ကျေက်တန်း၊ ဒေါပုံ ၊သင်္ကန်းကျွန်း နှင့် မြောက်ဥက္ကလာပ မြို့များတွင် ဖြစ်ပွားနေသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form