မိတ္တူအကြွေးဖြင့် ကူးပြီး လျှောက်ဖြန့်နေသော နေမျိုးဝေ၏ အသိပေး တင်ပြခြင်း စာတမ်းကို စစ်အစိုးရ လိုလားသူများကပင်ရှုံချ

တင်ကျော်ကျော်စိုး | ဂူးဂလ် အင်တာနက် စာမျက်နှာတစ်ခု ဖွင့်လှစ်၍ ဘလောဂ်ဂါ ယောင်ယောင် ၊နိုင်ငံရေး သမားယောင် လုပ်နေသော နေမျိုးဝေဆိုသူ၏ အသစ်ထွက် ရှိလာသော “မီဒီယာ၊ ပြည်သူ၊ နိုင်ငံရေး လောက ၊တည်ဆဲအစိုးရသို့ တင်ပြခြင်းဆို”သည့်စာတမ်းမှာ အနှောင့်အသွား မလွတ်သော ဝေဖန် သုံးသပ်ချက်များ နှင့်သူ၏ ထေ့ငေါ့သော အမြင်များ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် စစ်အစိုးရ ထောက်ခံသူများပင် သူ့ကို မုန်းတီးနေသည် ဟုဆိုသည်။

သူ၏စာတမ်းပါ သုံးသပ်ချက်များကြောင့် အလံနီဟောင်း ဦးလှမြင့် နှင့် ဒေါ်ချိုချိုကျော်ငြိမ်း တို့က ဒေါသ ထွက်နေ သည် ဟု သိရသည်။ နေမျိုးဝေ၏ ထိုစာရှည်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ် အစည်းအရုံး(GW) တို့ အားဝေဖန် တိုက်ခိုက် ထား၍ ကာ စစ်အစိုးရ လိုလား သော ကိုအေးလွင် တို့အဖွဲ့ နှင့် ၀ံသာနူ NLD ဒေါက်တာ စိုးလင်းတို့ကို ပါ လှောင်ပြောင် သရော် ထားသည်။

ထိုစာတမ်းကို လှည်းတန်း နှင့် မြေနီကုန်းတွင် ဖြန့်ဝေပြီး လှည်းတန်းရှိ မွန်သစ် လက်ဖက်ရည်ဆိုင်တွင် ဝေစဉ်က စာရွက် ကုန်သွား၍ ပြည်မြန်မာ ကုန်တိုက်ရှိ မိတ္တူဆိုင်တွင်သွားရောက်၍ အကြွေးဖြင့် အစောင် ၅၀ သွားရောက် ကူးပြီးနောက် ယခုထိ လာမပေး သေးကြောင်း ထိုဆိုင် မှ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ပြောသည်။

ထိုရှစ် မျက် နှာပါ စာတမ်းကို ဖတ်ရှု ရသူ တစ်ဦး က စာတမ်းမှာ ပညာရှင်ဆန်သော အမြင်မျိုးမရှိပဲ တောရမ်းမယ် ဘွဲ့များသာကဲသည် ဟု ဆိုသည်။ စာတမ်းရှင် နေမျိုးဝေက စစ်အစိုးရ နှင့် လက်ကိုင်ဒုတ် အဖွဲ့အစည်းများ အပြင် The Voice ဂျာနယ် မှ သင်တန်းပေးထား သော E-Gress အုပ်စုကိုမူ ချီးကျူး ထောပနာ ပြုထားသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form