ကျနော်ပြောချင်တာကတော့ သွားတိုက်ကြပါစို့ 

လူတွေဟာ နေ့ စဉ် မနက်အိပ်ယာထတာနဲ့ မျက်နှာသစ်ကြ၊သွားတိုက်ကြတဲ့ အလုပ်ကို ပုံမှန်လုပ်ကြ ရတယ် ဆိုတာ လူတိုင်းနေ့ စဉ်လုပ်ရတဲ့ အလုပ်ပါ။ဆင်းရဲသားလည်း သွားတိုက်ဆေး မရှိရင်တောင် ပလုပ်ကျင်း ရတယ်။ပိုက်ဆံ ချမ်းသာတဲ့ လူတွေလည်း ငွေကုန် ခံပြီးကိုယ်ရဲ့ သွားလေးတွေဖြူအောင်သွားတိုက်ကြတယ်။ ကျနော်ပြောချင်တာကတော့သွားတိုက်ကြပါလို့ ပြောချင်တာပါ။

တနေ့ တော့ မြန်မာသွားစိုက် ဆရာဝန် တစ်ယောက်ဟာ လူနာတွေကိုကုသနေတုန်းမှာ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အနစ်နာခံပြီးပြည်ပမှာတိုက်ပွဲဝင်နေတဲ့ခေါင်းဆောင် တစ်ဦးဟာ အဲ့ဒီ မြန်မာ သွားစိုက် ဆရာဝန်ဆီကို ရောက်သွားတော့ လူနာတွေနဲ့ အလုပ်ရှုပ်နေတဲ့ဆရာဝန်က အရမ်း အားနာသွားပြီး ခဏလေးနော်၊ ကျနော် ဒီလူနာလေးက တစ်ယောက်ထဲပါ၊ ခဏစောင့်ပါပေါ့။

တကယ်တော့ မြန်မာ သွားဆရာဝန်လည်း အရမ်းအားနာ သွားပြီးလူနာကို အမြန်ကုသ ပေးနေတာပေါ့။ အချိန်ဘယ်လောက်ကြာသွားသလည်းတော့မသိလိုက်ဘူးပေါ့။သူကုသနေတဲ့ လူနာ ပြီးသွားလို့ လှမ်းကြည့် လိုက်တော့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူမှာ ထိုင်ခုံလေးမှာ အိပ်နေတာတွေ့ လိုက်ရတယ်။ ဆရာဝန်လည်း အရမ်းအာနာသွားပြီး၊ စိတ်ထဲမှာ တော်တော်မကောင်းဖြစ်သွားတယ်။

အော်သူ့ ခမျာအစားပျက်၊အအိပ်ပျက်နဲ့ တော်တော်ပင်ပန်းနေရှာတာပါလား၊ငါ့ဆီ လာတာ တခုခု လာပြောတာ နေလိမ့်မယ်၊သူတို့ ဟာ အမိမြန်မာပြည် အာဏာရှင်လက်အောက် ကလွတ်မြောက်ရေး အတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြတဲ့ လူတွေပဲလေ၊ ဘာပဲဖြစ်ဖြစ် ငါလည်းသူတို့ လိုမလုပ်နိုင်ရင်တောင် သူတို့လို လူမျိုးတွေ ကိုတော့ ငါတတ်တဲ့ ပညာနဲ့ ကူညီမယ်ဆိုပြီး၊ တယောက်ထဲ စဉ်းစားဆုံးဖြတ်ပြီး၊သူရဲ့ သွားတွေကို ငါစစ်ပေးပြီး၊ ကုပေးလိုက်မယ်ပေါ့။

ကိုအာလူးလားဗျာ၊ ခင်ဗျားလည်း အတော် ပင်ပန်းနေတယ် ထင်တယ်။ ခင်ဗျားလာတဲ့ ကိစ္စနောက်မှ ပြောဗျာ။ ကြုံတုန်း ခင်ဗျားသွားတွေ ကျနော် စစ်ပေးမယ်ဆိုပြီး၊ မြန်မာဆရာဝန်လည်း ကိုအာလူး ပါးစပ်ဟပါ ကျနော် စစ်ပေးမယ်ပေါ့။

သွားဆရာဝန်က ကိုအာလူး၊ ခင်ဗျားဒီအတိုင်းနေလို့ မဖြစ်တော့ဘူး၊အမြန်ဆုံး.... “သွားတိုက်မှ” ဖြစ်မယ်လို့ ဆရာဝန်ကပြောလိုက်တော့ ကိုအာလူးက “ဟာ” ဆရာကလည်း သွားမတိုက် ချင်လို့ ကျနော် အမေရိကားမှာ နေတာပေါ့။ထိုအခါဆရာဝန်က မဟုတ်ဘူးကိုအာလူး ရဲ့အခြေအနေကအရမ်းဆိုးနေပြီး ခင်ဗျား သွားမတိုက်လို့ တော့မဖြစ်တော့ဘူး၊“ဟာ”ဆရာက လည်း ကျနော် သွားမတိုက်ချင်လို့ အမေရိကမှာ နေပါတယ်လို့ ပြောနေတာ၊ ကျနော် ကြောက်တယ် ဆရာရယ် စစ်အာဏာရှင် တွေက မလွယ်ဘူး ဆရာရယ်၊ မိရင် ထောင်နှစ်ရှည် ချမယ်၊ သတ်မှာဗျ။ အခုလိုအဝေးက ကျနော်အော်နေရတာကို ကျနော်သဘောကျလို့ ဆရာရယ် လို့ ပြောတော့ မဟုတ်ဘူး ကိုအာလူး ကျနော်ပြောတာ မြန်မာပြည်ကိုသွားတိုက်ပါလို့ ပြောတာမဟုတ်ဘူး ခင်ဗျားရဲ့ သွားတွေကို မှန်မှန်နေ့ စဉ်တိုက်ပေးပါလို့ ပြောနေတာပါ။

အဝေးရောက် ရဲဘော်တစ်ဦး
ဒေါင်းမာန် စာစောင်မှ ယူသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form