မုန်တိုင်းစက်ကွင်းအတွင်းရှိဒေသများ။

ဧပြီလ (၁၈) ရက်နေ့ ၊ မြန်မာစံတော်ချိန် နေ့ လည် (၁၂) နာရီခန့် တွင် ကုန်တွင်းပိုင်းသို့  ၀င်ရောက်မည့် မုန်တိုင်း စက်ကွင်း ပြင်းအား အတွင်း ကျရောက်နေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့ ကြီးများမှ ပြည်သူလူထုအနေဖြင့် အထူးသတိထားကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် သတိပေးအပ်ပါသည်။

ရခိုင်ပြည်နယ် မြို့ ကြီးများ -

  • (၁) နတ်မြစ်ဝကမ်းရိုးတန်းတလျောက်။
  • (၂) တမန်းသား။
  • (၃) တောင်ပြို။
  • (၄) ငါးခူရ။
  • (၅) မင်္ဂလာကြီး။
  • (၆) မောင်းတော။
  • (၇) မောင်ကြီးထောင့်
  • (၈) ဘူးသီးတောင်။
  • (၉) မြင်းလွတ်။
  • (၁၀) သပြေတော။
  • (၁၁) ခွဆုံ။
  • (၁၂) ရသေ့တောင်။
  • (၁၃) ကိုးတန်ကောက်။
  • (၁၄) မကျီးချောင်း။
  • (၁၅) ပါဒလိပ်။
  • (၁၆) ကုလားရွာ။
  • (၁၇) စစ်တွေ။
  • (၁၈) ပေါက်တော။
  • (၁၉) ပုဏ္ဏာကျွန်း။
  • (၂၀) သင်ပုန်းတန်း။
  • (၂၁) မြေပုံ။
  • (၂၂) ကျွန်းသာယာ။
  • (၂၃) ကမ်းတောက်ကြီး။
  • (၂၄) ဇူး။
  • (၂၅) ရေထုတ်။
  • (၂၆) ကျောက်ဖြူ။
  • (၂၇) ဂြင်ကြီး။
  • (၂၈) ရေနံတောင်။
  • (၂၉) ကျောက်ပြောက်။
  • (၃၀) ရမ်းဗြဲကျွန်း။
  • (၃၁) မင်းပြ။
  • (၃၂) ဇရပ်ပြင်။
  • (၃၃) ရမ်းဗြဲ။
  • (၃၄) အောင်လှပြင်။
  • (၃၅) ကျောက်နီးမော်။
  • (၃၆) မန်အောင်ကျွန်း။
  • (၃၇) ဆင်ခေါင်း။
  • (၃၈) သံတွဲ - မြို့များနှင့် ကျေးလက်ဒေသများ ဖြစ်ကြပါသည်။

ချင်းပြည်နယ် မြို့ ကြီးများ -
  • (၁) မယ်လတန်။
  • (၂) ၀ိတု။
  • (၃) ကမ်းလ၀။
  • (၄) လသ၀။
  • (၅) ဒလက်မေ။
  • (၆) ငရှား။
  • (၇) ပလက်ဝ။
  • (၈) မတူပီ။
  • (၉) အမ်း။
  • (၁၀) ကုလားတန်။
  • (၁၁) ငမြင်တောင်။
  • (၁၂) သီးလာ။
  • (၁၃) လုံရန်။
  • (၁၄) အိုက်လား။
  • (၁၅) ငမိုင်းပိ။
  • (၁၆) လုလရ်။
  • (၁၇) ထန်တလန်။
  • (၁၈) ဟားခါး။ - မြို့များနှင့် ကျေးလက်ဒေသများ ဖြစ်ကြပါသည်။
မုန်တိုင်း အဆင့် သတ်မှတ်ခြင်း။
မုန်တိုင်း အဖျက်စွမ်းအား အဆင့်ကို လိမ္မော်ရောင် အဖြစ်သတ်မှတ်ပါသည်။

မုန်တိုင်းဖြတ်သွားစဉ် လေတိုက်နှုန်း။

မုန်တိုင်း ဖြတ်နေစဉ် အတွင်း ဖြတ်သွားရာ လမ်းကြောင်းတလျှောက်တွင် တိုက်ခတ်နိုင်သည့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၀) မိုင် မှ (၇၀) မိုင်အထိ တိုက်ခတ်နိင်ပါသည်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဒီရေအမြင့်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဒီရေအမြင့်မှာ ရခိုင် ကမ်းရိုးတန်း တလျှောက်တွင် မူလ ရေမျက်နှာ ပြင်ထက် (၅) ပေမှ (၇) ပေ အထိ မြင့်တက် လာနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဒီရေအမြင့်မှာ မူလ ရေမျက်နှာ ပြင်ထက် (၃) ပေမှ (၄) ပေ အထိ မြင့်တက်လာ နိုင်ပါသည်။

မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ၀ိုင်းဝန်း အကြောင်းကြား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန်ရှိပါသဖြင့် အောက်ပါ အချက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

(၁)။ ထိုနေ့ မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံး ရပ်နားထားကြရန်။

(၂)။ ထိုနေ့ မှစ၍ ကုန်တင်သင်္ဘောများ၊ ခရီးတင်သင်္ဘောများနှင့် စက်တတ်ရေယာဉ်နှင့် ရေယာဉ်ငယ်အားလုံး ရပ်နားထားကြရန်။

(၃)။ မိမိတို့ ရေယာဉ်များ အားလုံးကို မုန်တိုင်း လွတ်ရာနေရာများသို့ ပြောင်းရွေ့ထားကြရန်။

(၄)။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို မုန်တိုင်း ဒီရေလွတ်သောနေရာနှင့် လုံခြုံမှု ရှိသောနေရာများသို့ အခုကတည်းက ရွေ့ပြောင်းထားရှိကြရန်။

(၅)။ သက်ဆိုင်ရာမြို့နယ်ဆေးရုံ၊ ဆေးပေးခန်းအားလုံး အဆင်သင့် အနေအထားတွင် ထားရှိကြရန်။

(၆)။ မုန်တိုင်းတိုက်ခတ် နေစဉ်အတွင်း ပြိုလဲရန် လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများအောက်တွင် မနေကြရန်။

(၇)။ မုန်တိုင်း တိုက်ခတ် နေစဉ်အတွင်း အကြောက် မလွန်ကြရန်နှင့် အန္တရာယ်ရှိ သူများကို ကြိုးစားပြီး ကယ်တင်ပေးကြရန်။

(ဂ)။ မုန်တိုင်း တိုက်ခတ် နေစဉ် အတွင်း လျှပ်စစ်ဓါတ်မဟာလိုင်း၊ ရိုရိုး ဓါတ်အားလိုင်းများ အားလုံး ပိတ်ထားကြရန်။ မလိုအပ်ပဲ ဓါတ်တိုင်များ အောက်သို့ မသွားရောက်ကျရန်။ ပြတ်ကျနေသောဓါတ်ကြိုးများကို သွားရောက်ကိုင်တွယ်ခြင်း မပြုကြရန်။

(၉)။ သက်ဆိုင်ရာ မြို့နယ်များမှ မုန်တိုင်း သတိပေးချက်ကို ပြည်သူများ သိရှိစေရန် အတွက် အကြိမ်ကြိမ် အထူးသတင်းအဖြစ် သတိပေး ကြေညာ ပေးရန် လိုအပ်သည်။

(၁၀)။ မုန်တိုင်း တိုက်ခတ် နေစဉ်အတွင်း မလိုအပ်ပဲ အပြင်သို့ လုံးဝမထွက်ကြရန်။

(ယခုလို သတိပေးဖေါ်ပြပေးသော ကိုဟီရိုးနိုင်အား အထူး ကျေးဇူးတင်ရှိပါသည်)။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form