ဘိဂျလိ ( Bijli ) မုန်တိုင်း ၏ နောက်ဆက်တွဲ ပျက်စီး ဆုံးရှူံးမှုများ

ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့် ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပွား
ဘိဂျလိ ( Bijli ) မုန်တိုင်း ၏ နောက်ဆက်တွဲ ပျက်စီး ဆုံးရှူံးမှုများဟိန်းခိုင်ထွန်း | ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့နယ်များတွင် ဘီဂျလီ မုန်တိုင်း စတင်ဝင်ရောက် ပြီးနောက် မိုးစတင်ရွာသွန်း ခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တွင် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့အိမ် များမှာ အမိုးလန်ထွက် မှုများ ပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊ အမြစ်မှ ကျွတ်ထွက် မှုများ ရှိသည်ဟု သတင်း ရရှိသည်။ စစ်တွေ နှင့် မောင်းတောတွင်မူ လျှပ်စစ်မီးများ ပြတ်တောက် မှုနေရာအချို့တွင် ရှိသည်။ စစ်တွေ မြို့သို့ မုန်တိုင်းဝင် ရောင်စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။

ရခိုင်ပြည်နယ် ကျောက်တော် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့များတွင် မြေပြို မှုများရှိသည်။ရန်ကုန်မြို့တွင် မြန်မာ စံတော်ချိန် ညနေ သုံးနာရီ အချိန်ခန့်က လေပြင်း တိုက်ခတ်၍ မိုးအနည်းငယ် ရွာသွန်းခဲ့သည်။

ဘီဂျလီ မုန်တိုင်း ဒဏ်ကြောင့် ဘင်္ဂလားဒေရှ် နိုင်ငံ ကော(စ်)ဘဇား မြို့တွင် ပျက်စီး ဆုံးရှုံးမှုများ နှင့် လူအသေအပျောက် ရှိခဲ့သည်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းတွင် တိုက်ခတ် ခဲ့သော ဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်း လေးသောင်း ခြောက်ထောင် သေဆုံးခဲ့ကာ လူရှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁၀ ဘီလျှံ နီးပါးခန့် ဆုံးရှုံးခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form