မိုးလေဝသခန့်မှန်းချက် (ဖေဖေါ်ဝါရီ ၂၈-မတ် ၅)

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ရက်မှ မတ်လ ၅ ရက်နေ့အထိ မိုးလေဝသ ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့တွင့် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်သည်။

မိုးအခြေအနေ

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နှစ်ရက်ခန့် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် အများအားဖြင့် သာယာမည်။

နေ့အပူချိန်

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်တို့ထက်ပိုကာ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်။

မြူအခြေအနေ

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် (၃)ရက်မှ (၅)ရက်ခန့်နှင့် ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် (၁)ရက်မှ (၂)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်။

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနာမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဟင်္သာတမြို့တို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်သည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်သည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

source by : http://www.planet.com.mm/news/read.cfm/id/11992

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form