မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) ၏ ဗိုလ်ချူပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ဆောင်ရွက်။


တော်လှန်ရေးမောင်နှမများခင်ဗျား

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ

ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည် သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။

ယခုလှုပ်ရှားမှုကို ၂၀၀၈ နိုဝင်ဘာလမှစတင်ပြီးတိတ်တဆိတ်လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်တွင်း နေ့စဉ် အသုံးပြုနေသော ငွေစက္ကူများပေါ်တွင် သခင်အောင်ဆန်းပုံများကို ရိုက်နှိပ်ပြီး လက်လှမ်းမီ သမျှ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form