Generation Wave ၏ နှင်းဆီ လှုပ်ရှားမှုများ


ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

သူငယ်ချင်းများ ညီအကိုမောင်နှမများခင်ဗျာ

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) အဖွဲ့ဝင်လူငယ်များနှင့်ငြိမ်းချမ်းရေးလိုလားသော လူငယ်များက ယနေ့ဖေဖော်ဝါရီလ ၁၄ရက် နေ့ ချစ်သူများနေ့တွင်ရန်ကုန်မြို့ လူစည်ကားရာအရပ်များဖြစ်သည့် စီးတီးမတ် ၊ ဂမုန်းပွင့်ကုန်တိုက် ၊ orange supermarket ၊ စိမ်းလန်းစိုပြည် စသည့်နေရာများ ၊ တန်ခိုးကြီးဘုရားများ နှင့် မထသ ၄၈၊၄၃၊၂၀၂၊ ပါရမီ ၁၈၃၊၁၈၄၊၁၇၄ ခရီးသည်တင် ဘတ်စ်ကားများ ပေါ်တွင် နှင်းဆီပန်းများ ဖြန့်ဝေခဲ့ကြပါသည်။

ထိုသို့ဖြန့်ဝေရာတွင် လက်ခံရယူသူများကို မြန်မာပြည်တွင် နှစ်ရှည်လများဖြစ်ပွားနေခဲ့သော ပဋိပက္ခများပြေလည်ပြီး ချစ်ခြင်းမေတ္တာများ ပျံ့နှံ့ကာငြိမ်းချမ်းသော အနာဂတ်သစ်ပေါ်ထွန်းလာရန် ရည်ရွယ်လှုပ်ရှားခြင်းဖြစ်ကြောင်းလည်း အကျဉ်းချုံး ရှင်းလင်းအသိပေးခဲ့ပါသည်။

--
regards

moethway
Generation Wave
http://www.generation-wave.blogspot.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form