စိုက်ဆင်းလေပြင်းသတင်း မိုး/လေ ဦးထွန်းလွင် ငြင်း၊


မိုးမခအထောက်တော် | ယခုအပတ်ထုတ် နယူးစ်ဝပ်ခ်ျ သတင်းဂျာနယ်အင်တာဗျူးတွင် မိုးလေ၀သဌာနမှ ဦးထွန်းလွင်က စိုက်ဆင်းလေပြင်းကျမည်ဟု မိမိတို့က ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။ ပြည်သူအများ အထိတ်တလန့်ဖြစ်စေအောင် သတင်းမှား ထုတ်ပြန်သည့် သတင်းဂျာနယ်တိုက်ကို အပြစ်တင်ဝေဖန်လိုက်ပြီး အမှားပြင်ဆင်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံအတွေ့အကြုံအရ ပြောရရင် လူတသိန်းခွဲလောက် ၁ ည တည်းနဲ့ သေစေနိုင်မယ့် ကိစ္စတွေကို ပေါ့ပေါ့ဆဆ လုပ်ကြတာလဲ …” ဟု ဦးထွန်းလွင်က ပြောလိုက်သည်။

၎င်း အင်တာဗျူးဆောင်းပါးအရ ဦးထွန်းလွင်က ဤရာသီတွင် “စိုက်ဆင်းလေပြင်း” ဖြစ် ‘တတ်’ သည်ဟု ပြောခဲ့ပုံရကြောင်း၊ သတိထားသင့်သည်ဟု ထင်မြင်ချက် ပေးခဲ့ပုံ ရကြောင်း၊ ၎င်းပြောဆိုချက်ကို အဆိုပါဂျာနယ်က သတိပေးချက်တခုသဖွယ် ထုတ်ပြန်ခဲ့ပုံရကြောင်း မြို့ခံတဦးက မှတ်ချက်ပေးသည်။ ထိုဂျာနယ်မှာ ဤသတင်းကြောင့် အရောင်းသွက်ခဲ့ပြီး ထိုသတင်းဖြတ်ပိုင်း မိတ္တူစာရွက်တခုကို ကျပ်ငွေ ၂၀၀ ဖြင့် ခရီးသည်များက ၀ယ်ယူဖတ်ရှုခဲ့ကြသည်ဟု ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် ...

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form