လွတ်လပ်ရေးနေ့အခမ်းအနား NLD (လွတ်မြောက်နယ်မြေ)မလေးရှား

ယနေ့ (၄.၁.၂၀၀၉) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ တရုတ်တန်းခန်းမ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မလေးရှားဌာနခွဲမှ လွတ်လပ်ရေးနေ့ အခမ်းအနား ကို အောင်မြင်စွာ ကျင်းပခဲ့ သည်။ အခမ်းအနားသို့ မလေးရှား နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ ပြည်သူများလည်း တက် ရောက် ကျင်းပကြသည်။ ထိုအခမ်းအနား မှာ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် အတူ မလေးရှား ဌာနခွဲ ပါတီ တည်ထောင်ခြင်း၊ (၃)နှစ်ပြည့် အခမ်းအနား လည်းဖြစ်သည်။ အခမ်းအနားတွင် ဥက္ကဌ ကိုကျော်ကျော် မှ အဖွင့် အမှားစကား ပြောကြားပြီး အတွင်းရေးမှူးနှင့် အမှုဆောင် များမှ ယနေ့ နိုင်ငံရေး အခြေအနေ နှင့် ရှေ့လုပ်ငန်းစဉ်များ မလေးရှားရှိ မြန်မာပြည်သူရွှေ့ပြောင်းအလုပ်သမားများ၏ အခက် အခဲများကို ပြောကြား ကြပြီးတက်ရောက် လာသော အဖွဲ့အစည်း အသီးသီးနှင့် ပြည်သူများ မှလည်း ဒီမိုကရေစီ အင်အားစုများ ညီညွတ်ကြရန်နှင့် နိုင်ငံရေး အမြင်များကို တင်ပြ ဆွေးနွေးကြပါသည်။ အခမ်းအနားကို (၁၂)နာရီတွင် စတင်၍ (၂) နာရီခွဲတွင် အဆုံးသတ်ပါသည်။



အကြီးကြည့်ရန် ဓါတ်ပုံပေါ် ကလစ်နှိပ်ပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form