မလေးရှား နိုင်ငံရှိ INNOValues Precision Sdn Bhd တွင် အလုပ်လုပ်ကိုင် နေကြသော မြန်မာ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် လူပေါင်း (၄၀၀) ကျော် ဆန္ဒပြခြင်း

plo 505 Jalan Keluli 3
Pasir Gudang industrial Estate
81700 Pasir Gudang Johor

အထက်ပါအလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများအပါအ၀င် အလုပ်သမား (၄၀၀) ကျော်သည် အလုပ်ခွင်အတွင်း ဖိနှိပ်မှုများနှင့် မတရားသော စည်းကမ်းဥပဒေတို့ကြောင့် 10.12.08 နေ့မှစ၍ အလုပ်မဆင်းပဲ ဆန္ဒပြပြီး အခွင့်အရေးများ တောင်းဆို နေကြသည်။ ၄င်းတို့ ကြုံတွေ့ ရင်ဆိုင်နေရသည့် အခက်အခဲများမှာ-

  • (၁) စာချုပ်ချုပ်ခဲ့စဉ်က မလေးရှားနိုင်ငံ အလုပ်သမားဥပဒေအတိုင်း ခံစားခွင့်ရှိသည်ဟုဆိုသော်လည်း ညပိုင်းအလုပ်ဆင်းရသော အလုပ်သမားများ ညကြေးခံစားခွင့်မရှိခြင်း
  • (၂) အချိန်ပိုခံစားခွင့် (အိုတီ) များအလွန်လျော့နည်းခြင်း
  • (၃) စက်ရုံ လုပ်ငန်းခွင်လုပ်ဆောင်နေစဉ် မကြာခဏ ကိုယ်ထိလက်ရောက် စော်ကားမှုပြုခြင်း
  • (၄) အလုပ်သမားအားလုံးကို အင်္ဂလိပ်လိုပြောဆိုရာတွင် နားလည်ခြင်းမရှိ၍ စိတ်ဆိုးပြီး ကြိမ်းမောင်းဆဲဆိုခြင်း
  • (၅) ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်သူများ MC (ဆေးခွင့်) မရရှိခြင်း ၊ MC ရရှိခဲ့လျင်လည်း လစာခံစားခွင့်မရှိခြင်း
  • (၆) လစာတိုးမြှင့်ပေးရန် စာချုပ်ပါသဘောတူညီချက်များ ပြည့်စုံနေသော်လည်းလစာတိုးမြှင့်မှူ မရှိခြင်း
  • (၇) နေအိမ်နှင့်အလုပ်လုပ်သည့်နေရာသည် အင်မတန်ဝေးနေပါလျက် ဖယ်ရီ စီစဉ်မပေးခြင်း အစရှိသည့် အခက်အခဲတို့ကြောင့် အလုပ်ရှင် ၊အုပ်ချုပ်သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကာ10.12.08 ရက်နေ့မှ ယနေ့အထိ အလုပ်မဆင်းပဲ ဆန္ဒပြလျက်ရှိကြောင်းကြားသိရသည်။



  • အသေးစိတ်သိလိုပါက..
    ဦးသိန်းအောင်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    (လွတ်မြောက်နယ်မြေ) မလေးရှား
    ဂျိုဟိုး (နယ်မြေ) တာဝန်ခံ
    ဖုန်း - 012 6432 749

    အထက်ပါ ဖြစ်ရပ်မျိုးနှင့် အခြားသောမတရားမှုများမှာ မလေးရှားရောက် မြန်မာပြည်သူများ အများစု ခံစားနေရသော ပြသနာများ ဖြစ်သည်။ ထိုကဲသို့မတရားမှုမျာက မလေးရှားမှာ ဒုနဲ့ဒေး ၊ သည်လိုခံနေရပါလျက်နဲ့ မလေးရှားကို ထပ်မံဝင်ရောက် လာသူတွေ လည်းရှိနေပါသည်။သည်ပြသနာတွေဟာ တားလို့လည်းမရ ရှင်းလို့လည်းမနိုင်ဖြစ်နေသည်ကို အဖြေရှာရပါလျင် ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် လို့ပဲ ပြောရမလား ငါဝမ်းပူဆာမနေသာလို့ပဲဆိုရမလား မြန်မာပြည်သူတွေအတွက် အဖြေကတော့ မုန့်လုံး စက္ကူကပ်နေရဆဲ ဖြစ်ပါသည်......

    မင်းထက်နိုင် ဘလော့ဂ် မှ ရယူမျှဝေပါသည်။မင်းထက်နိုင်အား ကျေးဇူးတင်ပါသည်။

    Post a Comment

    Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Contact Form