(Generation Wave) အဖွဲ့ မှ ကိုသီဟ၀င်းတင်ရဲ့ပေးစာ

"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့ တော်လှန်နေကြတာလဲ? ဘာလို့ နိုင်ငံရေးလုပ်ကြတာလဲ? လို့ ကျနော်တို့ကို မေးကြတဲ့သူတွေ အများကြီး ရှိပါတယ်။

အဖြေကတော့ ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ပေါ်မှာကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူ ပြည်သား တွေရဲ့ကျေးဇူး၊ နောင်တော်အာဇာနည်တွေရဲ့ကျေးဇူးတွေကို ဆပ်နေကြတာပါ။ သူတို့တွေဟာ သူတို့ရဲ့ ခေတ်ကာလ အလိုက် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် အေးချမ်း စည်ပင်အောင်၊ နောက်ဆုံး အာဏာရူး ငတုံး ငမိုက်တွေကြောင့် (တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းကလည်း) ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ကြပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာဝန် သမိုင်း တာဝန်ကျေခဲ့ပြီး ကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့အပြင် နောင်လာမယ့် သူတွေ အတွက်လည်း ကျေးဇူးကြွေးကို ချပေးခဲ့ပါပြီ။ ကျနော်တို့ ဒီကျေးဇူးကြွေး တွေကို ကြေအောင်ဆပ် နေရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့ တိုင်းပြည် ကောင်းစားဖို့ လိုပါတယ်။ပြည်သူတွေ ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ဒါကျနော်တို့ရဲ့တာဝန်ပါ။ ကျနော်တို့ ဆပ်ရမယ့် ကျေးဇူး ကြွေးတွေပါ။ ကိုယ့်တာဝန် ကိုယ်သိကြပါ။ ကိုယ့်အကြွေးကို ဆပ်ကြပါ။ တိုင်းပြည် ကောင်းစားဖို့ လိုပါပြီ"

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။ ၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င် အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း ထောင်ဒဏ် ၅နှစ် မတရားချ မှတ်ခံလိုက်ရပြီး မကြာသေးခင်ရက်ပိုင်းကပဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချခံလိုက်ရတာဖြစ်ပါတယ်။ ရှေ့ရှေ့ က လမ်းပြ ချီတက်ခဲ့ သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေ ကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်းကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"
သီဟ၀င်းတင်။

Min Yan Naing
Generation Wave
www.generation-wave.blogspot.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form