Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ၏ ငွေစက္ကူလှုပ်ရှားမှု

တော်လှန်ရေးမောင်နှမများနှင့်သူငယ်ချင်းများခင်ဗျား

ပြီးခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သောစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက မတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသော သံဃာတော်များ၊ကျောင်းသာလူငယ်များ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်
အခြားသောယုံကြည်ချက်ကြောင့်အကျဉ်းကျနေရသောသူများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊တရားမျှတရေးမျိုးဆက်သစ်လူငယ်များလှုပ်ရှားမှုအဖွဲ့၊
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့်အခြားသော တက်ကြွလှုပ်ရှားသည့် အင်အားစုများနှင့် အချို့သောပြည်သူလူထုတို့မှငွေစက္ကူများပေါ်တွင်

၁- ရွှေဝါရောင်တော်လှန်ရေးသံဃာများလွှတ်ပေး၊
၂- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေး

ဟုရေးသားဆန္ဒထုတ်ဖော်ခြင်းလှုပ်ရှားမှုကိုလုပ်ဆောင်လျက်ရှိနေပါသည်။ ပြည်သူ အပေါင်းမှ လည်းပူးပေါင်း ပါဝင်ဆန္ဒထုတ်ဖော်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဓါတ်ပုံသစ်များလည်းဆက်လက်ဖြန့်ဝေပေးပို့သွားပါမည်။

regards

moethway
Generation Wave
http://www.generationwave.co.cc/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form