ငြိမ်းချမ်းရေး သီချင်း

ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
ဒီတေးသွားလေး အပြီးသတ်ဖို့
ငါတို့တွေ ၀ိုင်းပြီး ရေးစပ်နေကြတာ....

စာသားက မပြေပြစ်လို့
အသံ အတက်အကျက လွဲချော်နေလို့
ပုတ်ခတ်တဲ့ စကားလုံးတွေပါနေလို့
သာယာနာပျော်ဖွယ် မဖြစ်လို့.....

ဒီလိုနဲ့
မရေတွက်နိုင်တဲ့ ပုဒ်မတွေကြား
လက်ကြားက ရေထွက်တဲ့ ဆင်ဆာတွေကြား
ငါတို့တေးသွားက မလှုပ်သာ မယှက်သာ....

ဒီတေးသွားတို့ သီကုံးရာ ခရီးကြမ်းတွေကြား
ငါတို့တွေ လက်တွေမြဲရမယ်....
တစ်ယောက်လဲကျယင် တစ်ယောက်က ဖေးကူရမယ်...
ဘယ်တော့မှ ဒူးမထောက်တဲ့ စိတ်တွေမွေးရမယ်.........

ငါတို့ဟာ တေးချစ်သူတွေပါ
ဓားလက်နက်တွေကို မုန်းတယ်...
လက်တွေ့မကျတဲ့ ဦးတည်ချက်တွေကို ရွံရှာတယ်...
ရုပ်လုံးပေါ်မလာတဲ့ ရေးဆွဲမှု့တွေကို ရှုပ်ချတယ်......

ငါတို့ဟာ တေးချစ်သူတွေပါ
လက်ရှိ အချိန်မှာ သီဆိုခွင့်မရပေမဲ့
ဒီနေ့ ဒီအချိန်မှာ အဆုံးသတ်ခွင့်မရပေမဲ့
(မြဲမြံတဲ့လက်တွေနဲ့)
ငါတို့တွေ ဆက်လက်ရေးစပ်နေကြမယ်.....

ကိုဧဏီမင်း ဆီမှ ရယူ မျှဝေပါသည်။ ကိုဧဏီမင်း အားကျေးဇူးတင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form