ရွှေပြည်သာဗုံး လူတဦးသေ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 16:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဗုံးတလုံး ပေါက်ကွဲရာ လူတဦး သေဆုံးသွားခဲ့သည်။

ရန်ကုန် ဆင်ခြေဖုံးမြို့နယ် တခုဖြစ်သော ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရှိ နေအိမ်တခုမှ ကိုသက်နိုင်ဝင်း ဆိုသူ၏ လက်ထဲတွင် တနင်္ဂနွေနေ့ မွန်းလွဲ ၅း၃ဝ နာရီတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။ ပေါက်ကွဲမှုကြောင့် ကိုသက်နိုင်ဝင်း သေဆုံးသွားခဲ့သည်။

ရန်ကုန်မှလာသော ဒီပီအေ သတင်းတရပ်က ရဲကို ကိုးကားပြီး ဖော်ပြထားရာတွင် သေဆုံးသူမှာ ဗုံးသယ်လာသူ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

စနေနေ့ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော် ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form