မလေးရှားမှ ဟတ်ကာ မင်းအောင် ၏ ဖြေရှင်းချက်

နံနက်ခင်း စောစောစီးစီး ဖုန်းလာလို့ ကောက်ကိုင်လိုက်တယ်.. သူငယ်ချင်း။ ။ "brb မင်းရဲ့ အကြောင်းကို အာဇာနည်ဘလောက်မှာ တင်ထားတယ်..."

ဟိုက်ရှာလပတ်.. ပြောပါဦး အာဇာနည်ဘလောက်ကို ဘယ်လို စာလုံးပေါင်းလဲ... (မှန်ပါသည် - ဒီလို နိုင်ငံရေး ဘလောက် တော်တော်များများ ကို ကျွန်တော် မသိပါ..

အာဇာနည် ဘလောက်သည် မြန်မာသတင်း တော်တော်များများကို တစ်နေရာတည်းတွင်ရရှိနိုင်သော ဘလောက် တစ်ခုဖြစ်၍ တစ်နေ့ကို ၀င်ရောက်ကြည့်ရှု့သူ ၉၀၀, ၁၀၀၀ လောက်ရှိသည်ဟုဆိုသည်..)
အိပ်ချင်မှုးတူးဖြင့် website ဖွင့်ကြည့်လိုက်တော့..
http://arzarni.blogspot.com (ပို့စ် အား ပြန်လည် ဖျက်သိမ်းပြီး)
www.myochitmyanmar.org
http://kominchitthu.blogspot.com
ဒါတွေက ကျွန်တော်တွေ့သလောက်ပါ...
13/10/2008 ကတည်းက ကျွန်တော်ဆီကို forward မေးလ်တွေရထားပြီးသားပါ... အွန်လိုင်းက ပြဿနာဆိုတာ ဒီလိုပဲလို့ယူဆ ထားလို့ ဘာ ဖြေရှင်းချက်တွေမှလည်း မပေးခဲ့ပါဘူး.... ဒါပေမဲ့ အခုလို Blog တွေမှာ အကြောင်းစုံ မသိပဲ တင်ထားသော Blogger တွေနဲ့ brb ၏သူငယ်ချင်းအားလုံး အမြင်ရှင်းအောင်လို့ ထိုက်သင့်သလောက် ရှင်းပြလိုက်ပါတယ်..

ဇာတ်လမ်းက..

04/12/2007 ရက်လောက် forward mail တွေ တော်တော်များများ ၀င်လာတယ်.. ရုရှားမှ မြန်မာစစ်သား တစ်ယောက်ဖြစ်သူ မင်းဟိန်းလတ် သည် မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေပါသည် ဟုဆိုထားသည်။ ၄င်း၏ ကိုယ်ပိုင် အမှတ်၊ နေရပ် နှင့် ဓါတ်ပုံပါ ပါလာသည်။... နောက်တစ်ခု http://niknayman.blogspot.com မှာ မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော ဟူ၍ post တွေကိုလည်း ဖတ်လိုက်ရတယ်... Niknayman နဲ့ Oppositeyes နှစ်ဖက် ပြိုင်ဆိုင်ကာ အငြင်းပွားနေခဲ့ကြသည်။သူ့ဘက် ကိုယ့်ဘက် ဘယ်ဘက်က ကြည့်ကြည့် အကုန်အမှန်လို့ယူဆ လို့ရတယ်... ဒါပေမဲ့ ဇာတ်လမ်းကို အကြောင်းစုံနဲ့ အခြေအနေအမှန်ကို သိရဖို့ သူငယ်ချင်းတစ်ယောက်က 05/12/2007 မှာ တောင်းဆိုလာတယ်။ ဘယ်သူကဘာအတွက် ဘာရည်ရွယ်ချက်တွေနဲ့ လုပ်တာလဲဆိုတာကို သိရဖို့ လိုအပ်နေတယ်...

နစ်နေမန်း။ ။ သူက စက်တင်ဘာ အရေးအခင်းမှာ နာမည်ကြီးလာခဲ့တယ်.. သူ့ရဲ့ CBox မှာ တစ်နေ့ကို လူ အရောက်ရာ နဲ့ချီပြီး ကြည့်သလို ၄၅၀ နဲ့ ၄၆၀ လောက်ဟာ အွန်လိုင်းမှာ အမြဲ Active ဖြစ်နေတဲ့ ဘလောက်... ဒါပေမဲ့ ၄င်းပို့မှာ နိုင်ငံရေးနဲ့ လူမှု့ရေးကို ရွေးထွေးအောင်လုပ်ခဲ့တယ်။-။ ဆန့်ကျင်ဖက် ရုရှားမှ စစ်သားများအား တိုက်ခိုက်လိုတာနဲ့ post အမှားတင်ခဲ့တယ်။

05/12/2007 မှာ winter.cool2@gmail.com မှ niknayman အား ၄င်းတင်သော ပို့စ် နဲ့ပက်သက်၍ ပြန်လည်ဖျက်သိမ်းရန် နှင့် ဖြေရှင်းချက်ပေးရန် တောင်းဆိုထားခဲ့သည်။ အသေးစိတ်ကို http://www.zorpia.com/heinminlet မှာ ကြည့်ရန်

လောလောဆယ်တော့ ဆရာသမားတွေလက်သရမ်းလို့ မြန်မာ မိန်းကလေးတစ်ယောက် နဲ့ သူ့မိဘတွေ စိတ်ပူရပြီ… ဇာတ်လမ်းစတဲ့ မောင်လင်းလင်း linnlin23@gmail.com…ကော ဘယ်တွေ ထွက်ပြေးနေပြီလဲ.. အားလုံးသိအောင်လုပ်ပြီးရင်တော့ အားလုံးသိအောင်ရှင်းပေါ့ဗျာ..ကဲ..ပြန်ဆက်အုံးမယ်။။ဒီကောင်လေးက ဘာလုပ်လို့တုန်း..ဘာဖြစ်လို့တုန်း..ခင်ဗျားတို့ ဘာသိကြတုန်း… တင်စရာရှိတယ်ဆိုရင်လဲ အဖြစ်မှန်ကို တင်လေ.. ဘာလို့အရှက်မဲ့စွာလုပ်ရတာတုန်း….ဖြေရှင်းကြပါအုံး ဆရာသမားတို့ရေ… ကိုယ်ရေးတဲ့ စာအတွက် တာဝန်ယူကြပါအုံး…

ဖြေရှင်းချက်များဖတ်ချင်တဲ့…
ကိုစိုင်း
(ခေတ္တ…ရုရှား)

အသေးစိတ်ကို :- http://oppositeyes.blogspot.com/search?updated-min=2007-01-01T00%3A00%3A00%2B03%3A00&updated-
max=2008-01-01T00%3A00%3A00%2B03%3A00&max-results=24
မှာ ဖတ်ရန်..


ဇာတ်လမ်းစသော linnlin23@gmail.com အားသိရန် ၄င်း၏ alphabet 6 လုံးသာပါသော password အား 2007 Dec 07 သောကြာ နေ့တွင် gmail pop security port 465 / 995 တို့၏ အားနည်းချက်ကို ယူ၍ ပထမ တစ်ကြိမ် retrieve လုပ်ခဲ့သည်။ သူ့ရဲ့ password ကိုသိကတည်းက

linnlin23@gmail.com သည် သာမာန် ကွန်ပျူတာ အသုံးပြုသူ တစ်ဦးမှန်းသိလိုက်သည်။ ဒါကြောင့် သူ့အား မေ့မေ့ပျောက်ပျောက်ထားခဲ့သည်။

13/09/2008 တွင် brb ၏ target တစ်ဦးနှင့် စကားပြောထားတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ အကောင့်မှာတွေ့တာမဟုတ်ပါ။

တစ်ခြားသူတစ်ဦးမှာပါ.. 18 ရက်နေ့မတိုင်ခင်ရက်များက linnlin23@gmail.com ရုရှားမှ စစ်သားများက ၄င်း password အားဝင်ရောက် မွေနှောက်၊ ကြည့်သည် ဟုဆိုကာ အွန်လိုင်း တွင် ရန်ပွဲဖြစ်နေခဲ့သည်။ ၄င်း password အား ပြောင်းထားခဲ့သည်။ 18/09/2008 တွင် ၄င်း password အား ဒုတိယ အကြိမ် ရယူ၍ password အသစ်ပေးထားခဲ့သည်။

ဒီလောက်ပဲ .. ဒီထက်ပိုပြောရင် linnlin23@gmail.com သည် ဘယ်နေ့ဘယ်အချိန်က ဘယ်သူနဲ့ chat လုပ်တယ်.. ဘယ်လိုမေးလ်တွေကိုပို့ထားတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာတွေ ပါလာရင် သူလည်း သိက္ခာကျမယ်.. brb လည်း သူငယ်နပ်စားဖြစ်တော့မယ်... Gmail account ပေါင်း ၃၀၀ ခန့်ကို hack နေတယ်ဆိုတော့...အင်.. အကယ်၍ brb သာ mail တိုင်းကို ဟက်လို့ရမယ်ဆိုရင် Free Mail Server
တွေဖြစ်တဲ့ Yahoo, Google, MSN က Programmer တွေ security ပိုင်းကို ကိုင်တွယ်နေတဲ့ Engineer တွေက brb ကို ဆရာခေါ်ကာ, brb သည်လည်း hirehacker ကဲ့သို့ mail account တစ်ခုအား ဒေါ်လာ ၁၀၀ ခန့်ဖြင့်လုပ်စားတော့မယ်..... ချင့်ချိန်လည်း ယုံကြပါဗျာ.... နောက်တစ်ခု brb သည် အစိုးရနောက်လိုက် ကြေးစားဟက်ကာတစ်ဦးမဟုတ်သလို... တတ်ယောင်ကား နိုင်ငံရေးသမားလည်းမဟုတ်ပါ။ မလေးရှားမှာ ပညာနဲ့ ဥစ္စာသာ ရှာဖွေနေခြင်းဖြစ်ပါတယ်...

ဒါကြောင့် အထက်ပါ Link တွေမှာ သာသွားရောက်၍ ကြည့်ရှု့ရန်သာ....


ပြီးခဲ့တဲ့ လက ကျွန်တော် VERY IMPORTANT- BIG VIRUS COMING! ဆိုတာကို နောက်မှာ SOON အား ထည့်၍ VERY IMPORTANT- BIG VIRUS COMING SOON! ဟုပြင်ကာ minaung@hq.nasa.gov မှ brb.1984@gmail.com ကိုပို့ပြီး mail user 1081 ဦးအား forward ပို့ပေးခဲ့သည်။ ဘလောက် တော်တော် များများမှာတွေ့ရတယ်... VERY IMPORTANT- BIG VIRUS COMING SOON! ဆိုတာ ဘယ်ကရ လည်းလို့ မေးရင် Microsoft ကသူတို့ကို ပို့တယ်လို့ ပြောတဲ့သူက ပြော CNN News ကရတယ်လို့ပြောလိုပြော..
Blogger များ.... ၄င်းတို့၏ Blogger Content Policy ကို လိုက်နာသင့်သည်။ PRIVATE AND CONFIDENTIAL INFORMATION: We do not allow the unauthorized publishing of people's private and confidential

information.

www.myochitmyanmar.org
http://kominchitthu.blogspot.com
တို့သည် အကြောင်းအရာ အသေးစိတ်ကို အရင် စုံစမ်းပြီးမှ post တင်ထားသင့်သည်။ forward mail မှ ဘယ်သူ က ဘယ်လိုပဲ ပို့ပို့ အမှားအမှန်မခွဲခြားဘဲနဲ့ post တွေတင်မယ်ဆိုရင် ကိုယ့်ဂုဏ်ကိုဖော်သလိုဖြစ်နေမှာပေါ့။
မြန်မာနိုင်ငံ နယ်နိမိတ်လွန်လို့ ပြည်ပခြေချတယ်ဆိုတာနဲ့ နိုင်ငံရေးနိုင်ငံရေးနဲ့ နိုင်ငံရေးလုပ်တော့တာပဲ... မိမိတို့လုပ်နေတာကို မိမိတို့အသိဆုံးပါ။ နိုင်ငံရေး လုပ်တယ်ဆိုတာက အပြောနဲ့ အလုပ်နဲ့ညီရတယ်။ ပြောသလောက် လွယ်ပြီး လုပ်ရသလောက်ခက်တဲ့ နိုင်ငံရေးပါ။. အွန်လိုင်းကနေ သတင်းဖြန့်ဝေ နေတဲ့ မီဒီယာ သမားဆိုတာ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် လုပ်မှပေါ့...

မောင်လင်းလင်းရဲ့ စာကိုကြည့်ရအောင်။

Gmail ပိုင်ရှင်များသိစေရန် အထူးသတိပေးအပ်ပါသည်။
အပြောကတော့ ကယ်တင်ရှင်ကြီးတစ်ဦးအသွင်နဲ့ စတင်ဝင်ရောက်လာတာပါ။

ဟက်ကာသမားများ၏လုပ်ရပ်ကြောင့် နိုင်ငံရေးသမားများနှင့် သာမန် Email အသုံးပြုသူများ တွင်ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရပါသည်။
ဟက်ကာဆိုတာကို အရင်ကြည့်ပါ...

Types of hackers are explained below

1: White hat hackers

Also known as freindly hackers are always using their knowledge for good reasons, they usually end up working as high-paid
network admin, programmers, and security consultants. When a software bug is found, the white-hat will work hard to solve
the problem and supply various high profile companys with there information.

2: Grey-hat hackers

Are borderline white/black hats. They sometimes prank unsuspecting users and cause general mayhem. While they think this
kind of activity is harmless, they may face long periods of jail time if they ever get found out.

3: Black-hat hackers

Also known as crackers these are the ones to watch out for, they send and make viruses, destroy data, and deface websites
along with other illegal activity and break into peoples machines. This type of hacker has a bad reputation, and usually end up
in jail for a long period of time and massive fines if ever caught.

ဟက်ကာလို့ပြောတာနဲ့ အဆိုးဖက် ကိုပဲမကြည့်ပါနဲ့။ မင်းတို့ စက်တင်ဘာ အရေးအခင်းက နအဖက site တော်တော်များများကို burn ထားတုန်းက proxy ကျော်ဖို့ web link တွေနဲ့ software တွေကို ထုတ်ပေးခဲ့တာ ဘယ်သူတွေလဲဆိုတာကို အရင်ဆုံးလေ့လာပါဦး။

(၁၉-၉-၂၀၀၈) နေ့တွင် ကျွန်တော် လင်းလင်း (linnlin23@gmail.com) အား မင်းအောင်(KL မလေးရှား) အမည်ရှိ ဟက်ကာသမားမှခိုးယူသွားခဲ့ပါသည်။

07/12/2007 က တစ်ကြိမ် - 18/09/2008 က တစ်ကြိမ်ပါ။ အဟက်ခံရတုန်းက နိုင်ငံရေး သမားတွေ ပြောနေကြအတိုင်းပါပဲ ရုရှားက စစ်သားတွေဟက်သွားတယ်တဲ့၊ မလေးရှားက ဟက်တာပါလို့ပြောတော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သူကို သူလျိုလုပ်ပြီး information ယူခိုင်းတယ်..မထူးပါဘူး သူခိုးကြီးနဲ့ သူခိုးလေးပါပဲ...

ထိုသူသည် Email အကောင့်ပေါင်းများစွာ (၃၀၀)နီးပါးခန့်ကို ဟက်ကာပညာဖြင့် ခိုးယူမှုများ ပြုလုပ် နေကြောင်းကြားသိရပါသည်။ ဘယ်က ဘယ်လိုကြားလည်းတော့မသိပါဘူး... အခုမှ brb က ဟက်ကာ အကြီးစားတစ်ယောက် ဖြစ်မှန်းမသိဖြစ်သွားတော့တယ်...

ထို့ကြောင့် Email အိုင်ရှင်များအနေဖြင့်အရေးကြီးသော ကိုယ်ရေးကိုတာ များကို အထူးသတိထားပြီး အသုံးပြုကြပါရန် အသိပေးအပ်ပါသည်။ ဒါက ကယ်တင်ရှင် အသွင်အဖြစ် အပိတ်စာသား...

ဟက်ကာသမားအစိုးရ ဘက်တော်သားများကြောင့် ပြည်တွင်းရှိ ဒီမိုကရေစီ လှုပ်ရှားသူများလည်း အန္တရာယ် များကြုံတွေ့နေရပါသည်။ သူပြောမှပဲရှင်းတော့တယ်...

ဟက်ကာသမားများအနေဖြင့်လည်း အမျိုးဘာသာ သာသနာအတွက်ကောင်းကျိုးပြုကြပါရန်......

အမျိုး၊ ဘာသာ၊ သာသနာဟု စကားကြီး သုံးလုံးအား ခုတုံးလုပ်၍ ဖြန့်ဝေခဲ့သော မောင်လင်းလင်း၏ စာသားတွေကတော့ ပြောင်မြောက်ပါပေ့.. အမိမြေမှာ နိုင်ငံရေးအခြေအနေမကောင်းလို့ စီးပွားရေးကျ၊ စီးပွားရေးကျလို မင်းတို့ငါတို့တွေ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာတဲ့နေရာမှာ တိုင်းပြည် အတွက် ကောင်းအောင် ဘယ်လောက်အထိ စွမ်းဆောင်ခဲ့ဖူးလဲ။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဆိုတာကော ပါဝင်ခဲ့ဖူးလား...
ဦးနှောက် ယိုစီးမှု့ ဒီလောက်များတဲ့ အမိမြေအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ Brain Drain တော့ ဖြစ်ခဲ့ပြီး Brain Gain ရရန် ဘယ်လိုစီစဉ်ထားပါသလဲ...နိုင်ငံကြီးတွေက အမျိုးသားရေးဆိုတာထက်၊ လူမျိုးရေး ၀ါဒလက်ကိုင် ထားရမယ်ဆိုတာထက်၊ ကျယ်ပြန်စွာ ဆက်ဆံရေး၊ အကျိုးအမြတ် ရယူနိုင်ရေးတွေကိုလည်း အများကြီး ထည့်တွက်လာတက်ကြတယ်။ နိုင်ငံတကာမှာအလုပ်ဖြစ်နေသူတွေဘက်ကလည်း မိခင်နိုင်ငံတွေ ကိုပြန်ပြီးဆက်သွယ် အကျိုးပြုနေကြတာတွေလည်းရှိတယ်။ ဒါပေမဲ့ နိုင်ငံကြီးတွေမှာ နောက်ထပ် ဘ၀သစ်တွေကို သွားရောက်စတင်နေသူတွေက ကိုယ့်မိခင်နိုင်ငံတွေရဲ့ အဘက်ဘက်က ချို့တဲ့မှုတွေ၊ အဆင်မပြေမှုတွေကို သည်းခံကာ ရာနှုန်း ဘယ်လောက် ပြန်လာကြတယ်ဆိုတာကိုလည်း စဉ်စားသင့်တယ်။ နိုင်ငံတော်တော်များများက သူတို့နိုင်ငံရဲ့ အတော်ဆုံး အကောင်းဆုံးဆိုတာတွေ ဆုံးရှုံးကြ ရတာမှန်တယ်။ ဒီဆုံးရှုံးမှု့တွေထဲကပဲ အမြတ်ထွက်နေလေတော့ ဆုံးရှုံးမှု့ဆိုတာ တရားသေသတ်မှတ်လို့မရဘူး။
လက်ရှိ အုပ်ချုပ်ဆဲ စစ်အစိုးရ ညံ့လို့လား။ စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်သားဆိုတာလဲ ပြည်သူ တစ်ရပ်ပဲဆိုတာကို မင်းတို့ သိထားသင့်တယ်...ပြည်သူဆိုတာက ပြောင်းလဲမှု့တစ်ရပ်ကို အမြဲတမ်း တောင်းတနေတဲ့ သူတွေ၊ လက်ရှိအစိုးရက ဘယ်လောက်ပင်ကောင်းစေကာမှု နောက်တက်လာမည့် အစိုးရက ပိုပြီးကောင်းလာမလားဆိုတဲ့ အတွေးတွေနဲ့ ဖြည့်လို့မပြည့်တဲ့ ရမ္မက်အိုးကြီးတွေ ရင်ဝယ်ပိုက်ထားကြတာပါ။

ရှည်ရှည်ဝေးဝေးမတွေးနဲ့ အခု မလေးရှား UN Refuge မှာ UN Card ရဖို့၊ တတိယနိုင်ငံကြီးတွေကို သွားရဖို့ကို ဘယ်လိုလျှောက်နေတယ်ဆိုတာကို မင်းတို့လည်း အသိပဲ...သူငယ်ချင်းတစ်ယောက်က ပြောသလို မြန်မာပြည်မှာ ချင်း လူမျိုးစု ရှိတော့မှာမဟုတ်ပါတဲ့ .. သူ UN ရုံးကို ကိစ္စတစ်ခုနဲ့သွားတော့ တွေ့သမျှ
အားလုံး ၉၈ % သည် ချင်းလူမျိုးများသာလျင်ဖြစ်တယ်... ဟုတ်တယ်.. UN ၀င်ခွင့်ရရန် စစ်အစိုးရ၏ မကောင်းကြောင်း ၊ နိုင်ငံ၏ ဆင်းရဲ မွဲတေကြောင်းတွေကို ကြားနာတဲ့သူ ထိုင်ငိုသွားလောက်အောင် ပြောရတယ်... UN ၀င်ခွင့် စိစစ်ရေးမှာလည်း ၄င်းစာမှု ဇာတ်လမ်း ရောင်းစားတဲ့သူကလည်း ရှိသေး.. မလေးရှာငွေ RM 4500 လောက်ပေးရင်ရတယ်... ယောက်ျားလေး ဖြစ်ပါက .. မြန်မာစစ်သားများက ၄င်းတို့အား အတင်းအဓမ္မ ခိုင်းစေခြင်း၊ ထိုးကြိတ် ရိုက်နက်ခြင်းတွေကအစ ကြေကွဲ လောက်အောင် ပြောကြသည်။မိန်းကလေးဖြစ်ပါက .. မြန်မာစစ်သားများက ၄င်းတို့ ဘယ်သို့ဘယ်ပုံ နိုပ်စက်ညှင်းပန်း ကြပါသည်ဟု ပလီပလာလုပ်၍ မိမိတို့ကိုယ်ကျိုးအတွက် တိုင်းပြည်အား ကမ္ဘာ့အလယ်မှာ မွဲသထက် မွဲအောင်, နိုင်ငံတစ်ကာ အထင်သေးသထက် အထင်သေးအောင် လုပ်ဆောင်နေကြသည်။ အဲ့တော့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြသူတွေ၊ နိုင်ငံတကာ သွားလာနေကြသူတွေက ငါဟာ မြန်မာကွလို့ ပြောလိုက်ရင် တစ်ခြား နိုင်ငံသားတွေက မိမိအရည်အချင်းကို မမြင်သရွေ့ နှခေါင်း ရှုံ့ကြသည်။ အထင်သေး အမြင်သေး ကြသည်။

မိမိတိုင်းပြည်၊ မိမိလူမျိုးတွေကို ဖျက်ဆီးနေတာဘယ်သူတွေလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ကြပါ။





Min Aung
e-mail မှ တဆင့် ရရှိကာ ပြန်လည်မျှဝေပါသည်။

4 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form