ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ယခုအခါတွင် နအဖမှ ဒီမိုကရေစီအင်အားစုများ၏ အင်တာနက်စာမျက်နှာများ၊ ဘလော့များ၊ အီးမေးလ်များကို ခိုးကြောင်ခိုးဝှက်ဖြင့် လိုက်လံဖျက်ဆီး တိုက်ခိုက်လျက်ရှိပါတယ်။

နအဖရဲ့  ဒီလိုလုပ်ရပ်ဟာ နိုင်ငံတကာအင်တာနက်ဥပဒေပိုင်းဆိုင်ရာကို ကျူးလွန်ဖောက်ဖျက်တာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးရဲ့  ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်များကို သိရှိရန် ၀င်ရောက်ခိုးယူတဲ့ ရာဇ၀တ်မှုကို ကျူးလွန်တာလည်း ဖြစ်ပါတယ်။

တရားသော ယဉ်ပြိုင်ခြင်း မလုပ်ရဲဘဲ နောက်ကွယ်ကနေ အဖျက်လုပ်နေတဲ့ အင်တာနက်ရန်သူ နအဖရဲ့  ယုတ်မာသော မီဒီယာပိုင်းဆိုင်ရာ တိုက်ခိုက်မှုနဲ့  ဖျက်ဆီးမှုများကို ကာကွယ်ရန်နှင့် တန်ပြန် တိုက်ခိုက်ရန် အတွက် အင်တာနက်သုံးစွဲသူတစ်ဦးချင်းစီတိုင်းဟာ အင်တာနက်ပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ နည်းလမ်းတွေ သိရှိထားဖို့ လိုအပ်ပါတယ်။

ဒီ့အတွက် အင်တာနက်အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပြည်သူ့ ဘက်တော်သားများကနေ အများ သိရှိစေရန် ၀ိုင်းဝန်းကူညီပေးကြဖို့  မေတ္တာရပ်ခံအပ်ပါတယ်။ အထူးသဖြင့် အင်တာနက် စာမျက်နှာ ကွန်ယက်၊ ဘလော့နဲ့  အီးမေးလ်ပိုင်းဆိုင်ရာ လုံခြုံရေး ပညာပေးများကို ဖေါ်ထုတ်ပေးကြဖို့ ဖြစ်ပါတယ်။

ယခုလိုမေတ္တာရပ်ခံချက်အပေါ် ရှေးဦးစွာ ကူညီလာတဲ့ မိတ်ဆွေတစ်ဦးရဲ့  ပထမဦးဆုံး ရေးသား ဖေါ်ပြချက် ဖြစ်တဲ့ - Windows System က password ကို ဘယ်လိုဖယ်ရှားတာလည်း - ဆိုတဲ့ ဖေါ်ပြချက်အား တင်ပြ လိုက်ပါတယ်။ အလျဉ်းသင့်သလို ဆက်လက်ဖေါ်ပြသွားပေးပါမယ်။ ဒီလိုကူညီပေးတဲ့အတွက် အထူး ကျေးဇူးတင် ပါကြောင်း ပြောကြားလိုပါတယ်။
PDF ဖိုင်ဖြင့် ဖတ်ရန် How to remove the Passward.pdf PDF * 162 KB
ထို့ အတူ အခြားသော မိတ်ဆွေများမှလည်း မိမိတို့  အနေနဲ့  တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းကူညီပေးကြမယ်ဆိုရင် ၀မ်းသာစွာနဲ့  အထူးကြိုဆိုလျက်ရှိပါတယ်။

အင်တာနက်ကို ချစ်မြတ်နိုးသူတိုင်း မိမိတို့  အင်တာနက်ရန်သူ နအဖရဲ့  အနှောက်အယှက်ပေးမှုရန်ကို ၀ိုင်းဝန်းကာကွယ်တိုက်ထုတ်ကြပါစို့ ။

ယခုဖေါ်ပြချက်ပါ ရေးသားတင်ပြချက်တွင် လုံခြုံရေး သတိပေးချက်မှာ -

၁။ အခြားသူများမှ ခိုးဝင်မဖျက်ဆီးနိုင်စေရန် မိမိတို့  ကွန်ပျူတာ Windows System login-In account အား Administrator account မပေးထားရန် သတိထားပါ။ အခြားသော အမည်နှင့် ခက်ခဲသော ပတ်စ်ဝေါ့များအား ပေးထားလျှင် ပိုမိုလုံခြုံနိုင်ပါသည်။

၂။ မိမိတို့  ကိုယ်ပိုင် ကွန်ပျူတာအား အခြားသူများအား ပေးသုံးခြင်းအား သတိထားရန် ဖြစ်ပါသည်။

၃။ မိမိတို့  ကွန်ပျူတာအား နအဖဘက်တော်သားများမှ ရရှိသွားလျှင် ၄င်းတို့ အနေဖြင့် ယခုနည်းများဖြင့် ၀င်ရောက်ကြည့်ရှူနိုင်သောကြောင့် မိမိ၏ အရေးကြီးသောဖိုင်များအား ကွန်ပျူတာထဲတွင် လုံဝ မသိမ်းဆည်းထားရန် ဖြစ်ပါသည်။

ယခု ရေးသားဖေါ်ပြချက်အတွက် လိုအပ်သော ဖိုင်များအား ဒေါင်းလုပ်လုပ်ရန် - password reset -CD Image.iso

http://www.mediafire.com/?9me2xjomnwm

ကိုနစ်နေမန်း ဘလော့ဂ်မှ ရယူမျှဝေပါသည်။ ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်။

0 comments: