ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ဦးဟန်လင်း ကွယ်လွန်။

ရဲဘော်တို့..။

ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦးဖြစ်တဲ့ ဦးဟန်လင်း ဟာ ယနေ့ (စက်တင်္ဘာ။၂၆။၂၀၀၈) နံက်၂ နာရီ ၄၃ မီနစ်မှာ ကွယ်လွန်သွားကြောင်းကြားသိရပါတယ်၊ ကျနော်တို့ ABSDF ရဲဘော်ဟောင်းများ အနေနဲ့ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း ကျန်ရစ်သော မိသားစုဆွေမျိုး များကို အသိပေး အကြောင်းကြားပါသည်။

ရဲဘော်တို့...။

ဦးဟန်လင်း ဟာ အမိမြန်မာပြည် ဒီမိုကရေစီ နဲ့ ငြိမ်ချမ်းရေး ရရှိရေးအတွက် သူတတ်စွမ်းသမျှ တိုက်ပွဲဝင်ခဲ့သူ တဦးဖြစ်ကြောင်း သူဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းက ပြသနေပါတယ်၊ အမေရိကန်ရောက် မျိုးချစ်မြန်မာများ အနေနဲ့ ဦးဟန်းလင်း အကြောင်း မသိသူ မရှိသလောက်ပါပဲ၊ ဦးဟန်လင်းဟာ ABSDF (US) Branch ကို ဖွဲ့ဖို့ အတော်ပဲ ကြိုးစားခဲ့သူတဦးပါ၊ သူရည်မှန်းကြိုးစားအားထုတ်ခဲ့တဲ့ ရလာဒ် ကို ရရှိအောင် ကျနော်တို့ ဆက်လက် လုပ်သင့်ပါတယ်။

ရဲဘော်တို့....။

ဦးဟန်လင်း အား အလေးပြု ဂုဏ်ပြုကြပါစို့.....
ဦးဟန်လင်း အား အတုယူ၍ အမိမြန်မာနိုင်ငံဒီမိုကရေစီ ရရှိအောင်ကြိုးစားဆောင်ရွက်ကြပါစို့။
ဦးဟန်လင်း ရည်မှန်းထားသော ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ထုတ်ကြပါစို့..။
ရဲဘော်ဟန်လင်း...ကောင်းရာဘုံတွင် စံမြန်းပါစေသောဝ် ...။
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး။
ZKN
---------------------------------------------------------

Burma Freedom Fighter U Han Lin passed away
(Breaking News from Ithaca)


U Han Lin of the Burmese Community in Ithaca passed away early this morning on September 26 at 2:43 am.

His family members and the community intend to do the funeral ceremony on coming Sunday, September 28, 2008. Detail program information will be released soon.

U Han Lin was a father of six children, a former ABSDF member, a great community leader, and a very strong and devoted activist for freedom and democracy in Burma .

He is the freedom fighter, and the pioneer of the long march and hunger strike activities among the Burmese activist in US.

We are deeply sad for the greatest lost of his family, and also the lost of the community, of Burma , and all of us.

We would like to invite all the colleges and friends of Han and also friends of Burma to come to the ceremony to give our respect and solute to him on coming Sunday. Detail program information will be released soon.

Currently, please contact the following number for more information.

Ko Min Aung (806)-670-5802
Ko Aung Kyaw Myint (607)- 339-7054

Please pass this message to all.
ကိုအိုးဝေအောင် ဘလော့ဂ် မှ မျှဝေခံစားပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form